
နေပြည်တော် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ “ရွှေရင်အေး” ရွှေဆိုင်မှ ရွှေထည် ပစ္စည်းမျိုးစုံအလေးချိန် ၅၅ ကျပ် သားခန့်ကို အမျိုးသားသုံးဦးက သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၁၅)ရပ်ကွက် ကျန်စစ်သားလမ်း အမှတ်(၄၇၀/ခ)တွင် ဖွင့်လှစ်ထား သည့် “ရွှေရင်အေး” ရွှေဆိုင်၌ ဆိုင်ရှင်ဖြစ်သူ မနှင်းယုစံ (၂၉)နှစ် (ဘ)ဦးဌေးမြင့်သည် ဆိုင်ဝန်ထမ်း ခြောက်ဦးနှင့်အတူ ရောင်းချနေစဉ် အမျိုးသားသုံးဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင် အတွင်း ဝင်ရောက်ကာ အမျိုးသား သုံးဦးအနက် နှစ်ဦးက သေနတ် နှစ်လက်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ရှင်နှင့် ဝန်ထမ်းများအား ကြမ်းပြင်ပေါ်မှ ဝမ်းလျားမှောက် နေခိုင်းပြီး ၎င်းတို့အနက်မှ တစ်ဦး က အသင့်ယူဆောင်လာသည့် ရဲတင်းဖြင့် ရောင်းချရန် ခင်းကျင်း ပြသထားသည့် ရွှေထည်ပစ္စည်း များ ထည့်ထားသည့် မှန်ပုံးများ ကို ရိုက်ခွဲကာ မှန်ပုံးအတွင်းရှိ ရွှေဆွဲကြိုး ၁၃ ကုံး၊ ရွှေလက် ကောက် ၉၃ ကွင်း၊ ရွှေဟန်းချိန်း သုံးခု စုစုပေါင်းရွှေအလေးချိန် ၅၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၉၆၂၅၀၀၀၀ ခန့်ကို လုယက် ယူဆောင်ကာ ၎င်းတို့စီးနင်းလာ သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့သည်။
ထိုကဲ့သို့ လုယက်မှုကျူးလွန် ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်