
နေပြည်တော် ဖေဖော်ဝါရီ ၁
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ရပ်ကွက်ရှိ ဇင်ဇီယာလမ်း (ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ) နှင့် လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက်ရှိ ဘုရင့်နောင်လမ်း၌ စက်ဘီးသွားလမ်း ဖွင့်ပွဲတို့ကို အဆိုပါနေရာများ၌ သီးခြားစီ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် အရှည်ပေ၂၈၀၀ နှင့် အကျယ် ၂၄ ပေရှိ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် လှိုင် မြို့နယ် အမှတ် (၁၅) ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းရှိ အရှည်ပေ ၃၉၆၀ နှင့် အကျယ် ၈ ပေ စက်ဘီးသွားလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် အလယ်ချိုင့် ကျေးရွာ (တောင်ရွာ) နှင့် အလယ် ချိုင့်ကျေးရွာ (မြောက်ရွာ)ကျေးရွာ ချင်းဆက် လမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြ ပြီး ကွန်ကရစ်လမ်းကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာ ရည်များ ပက်ဖျန်းကြသည်။
အဆိုပါလမ်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လှူဒါန်းမှုဖြင့် ငွေကျပ် ၅၆၈ သိန်း ကျော် အကုန်ကျခံ၍ ဖောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူ များ စိတ်ချမ်းမြေ့စွာ သွားလာ နိုင်ရန် ဖောက်လုပ်ခြင်းဖြစ် ကြောင်း သိရှိရသည်။
သတင်းစဉ်