နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ် 


 

နေပြည်တော်  ဖေဖော်ဝါရီ  ၁
၂၀၀၈ ခုနှစ်     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား   ထောက်ခံပွဲကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်   ရွှေကြာပင်ရပ်ကွက်   လူငယ်အားကစား ကွင်းတွင်  ယနေ့နံနက်ပိုင်းက ကျင်းပသည်။ 
အဆိုပါ    ထောက်ခံပွဲတွင်   နေပြည်တော်ကောင်စီ နယ်မြေ မြို့နယ် ရှစ်မြို့နယ်မှ ထောက်ခံသူ ၁၈၀၀ခန့် သည်  “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊     ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ထာဝစဉ်စည်းလုံးညီညွတ်ရေး၊    စစ်မှန် သော    မျိုးချစ်စိတ်ဓာတ်     တိုးတက်မြင့်မားရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့်           မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊        ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး   ထာဝရတည်တံ့ခိုင်မြဲရေး၊ အကြမ်း ဖက်လူသတ်သမား     NUG ၊ PDF   အစွန်းရောက် အကြမ်းဖက်သမားများအား    ပြတ်ပြတ်သားသား ရှင်းလင်းချေမှုန်းရေး၊   အပြစ်မဲ့   ပြည်သူများအား ရက်စက်စွာ  သတ်ဖြတ်နေမှုများချက်ချင်းရပ်၊ NUG၊ PDF များ   အမြန်ဆုံးချုပ်ငြိမ်းပါစေ၊    NUG ၊ PDF မိုင်းထောင်လူသတ်၊  ဓားပြတိုက် အဖျက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းရေး၊ NUG ၊ PDF အကြမ်းဖက် အဖွဲ့အစည်း လုံးဝအလိုမရှိ” စသည့်   စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး   ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။    
သတင်းစဉ်