လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး ကျင်းပ

 

 

နေပြည်တော် ဖေဖော်ဝါရီ ၁
လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေး ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင်   လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   သက်သက်ခိုင်က    မြန်မာနိုင်ငံတွင် လတ်တလောဖြစ်စဉ်များကြောင့်    ပြည်သူများ၏ အသက်၊  အိုးအိမ်၊   စည်းစိမ်များ   ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့ ဝန်ကြီးဌာန အနေဖြင့်  ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ သဘာဝဘေး နှင့်  အခြားဘေးအန္တရာယ်များကြောင့်   ဘေးသင့် ပြည်သူများကို လူသားချင်းစာနာမှု ကူညီထောက်ပံ့ မှုများ           ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လတ်တလော လိုအပ်ချက်များကို   ကူညီထောက်ပံ့ ပေးရုံ သာမက လိုအပ်ချက်အရ ပြန်လည်ထူထောင် ပေးရမည့် နေရာများတွင်လည်း ပြန်လည်ထူထောင် ရေး၊    ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုကြောင်း၊    အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှု ဖြင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ သက်ဆိုင် ရာ  တိုင်းဒေသကြီး/  ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်   ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက် ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များ၊    သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စရပ် များကို ဆွေးနွေးသည်။ 
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့  တင်ပြဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေး‌နွေးတင်ပြခဲ့ကြောင်း သိရ သည်။
သတင်းစဉ်