နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  



 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 
တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ 
MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်

နေပြည်တော်   ဖေဖော်ဝါရီ    ၁
(၇၅)  နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  တာဝန်ထမ်းဆောင်ခဲ့သည့်  တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို   ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၌ ကျင်းပ ပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်   တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေး နုစိန်၊ ဦးမောင်းဟာ၊   ဦးစိုင်းလုံးဆိုင်၊  ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊  ပြည်ထောင်စု ဝန်ကြီးများ၊   ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်အရာရှိကြီး များ၊ ရုပ်ရှင်၊ သဘင်၊   ဂီတအနုပညာရှင်များ၊   မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ဝန်ထမ်းများ၊ အနုပညာရှင်များ၊ တိုင်းရင်း သား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး      ပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။
ဂါရဝပြုပေးအပ်
ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အခမ်း အနားတက်ရောက်လာကြသူများသည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် Mini Theatre  အတွင်း၌ MRTV စိန်ရတုပြတိုက်ဆီသို့ Video Clip ကို   ကြည့်ရှုကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ           နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    စိန်ရတုပြတိုက်     ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိန်ရတုပြတိုက်အတွင်းခင်းကျင်းပြသထားသည့် မြန်မာ့အသံ နှင့်    ရုပ်မြင်သံကြားဌာနမှ    ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့်   အဆောက်အဦပုံစံငယ်များနှင့် တာဝါပုံစံငယ်များ၊   ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်း ဆိုင်ရာ   စက်ပစ္စည်းများနှင့်   မော်တော်ယာဉ်များ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ၏ မှတ်တမ်း ဓာတ်ပုံများ၊ ခေတ်ပေါ်တီးဝိုင်းနှင့် တူရိယာပစ္စည်း များ၊   (၇၅) နှစ်သက်တမ်းရှိ  မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ်တီးဝိုင်းနှင့် တူရိယာပစ္စည်းများ၊ တိုင်းရင်း သားရိုးရာတူရိယာပစ္စည်းများ၊   ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ဓာတ်ပြားစက်များနှင့် ဆက်စပ် ပစ္စည်းများ၊ မဟာဂီတနှင့်တေးဂီတဆိုင်ရာ စာအုပ် စာစောင်များအပါအဝင်    ရုပ်မြင်သံကြားထုတ်လွှင့်မှု နှင့်  သက်ဆိုင်သည့်   အခြားစက်ပစ္စည်းကိရိယာ ပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး စိန်ရတု ပြတိုက်   ဧည့်သည်တော်မှတ်တမ်းတွင်  လက်မှတ် ရေးထိုးသည်။
ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့ အသံနှင့်     ရုပ်မြင်သံကြား    ပင်မအဆောက်အဦ Auditorium ၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။
ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်း များက “MRTV နှင့်ကောင်းသောနေ့”တေးသီချင်း ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာ ဆောင်ရွက် မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင် မြန်မာ့အသံသည် လွတ်လပ်ရေးနှင့် အတူ တည်ရှိလာသော ဌာနတစ်ခုဖြစ်ပြီး တစ်နိုင်ငံ လုံးကို အသိပညာနှင့် ဗဟုသုတဖြန့်ဖြူးပေးသော ဌာနကြီးဖြစ်ကြောင်း၊   ယခုအခါ  စိန်ရတုကာလ   ကျော်လွန်လာပြီဖြစ်ကြောင်း၊ ယခင်နှစ်က မြန်မာ့ အသံနှင့်   ရုပ်မြင်သံကြားသို့ရောက်ရှိစဉ်  စိန်ရတု ပြတိုက်တည်ဆောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတစ်နှစ်ပြည့်မြောက်သည့်နေ့တွင် အဆောက် အဦကို   ဖွင့်လှစ်နိုင်သဖြင့်  ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း ဦးစွာပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ် ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  (၁) ရက်နေ့မှစတင်ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်ကို ချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ   တိုးတက်ဖြစ်ထွန်းစေဖို့နှင့် ရည်မှန်းချက်တာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အိမ်စောင့်အစိုးရဖွဲ့စည်းပြီး   ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း။
       တပ်မတော်အနေဖြင့်လည်း    နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက် သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင် ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုကဲ့သို့ အခြေ အနေတွင်     ပြည်ပ     ပယောဂ   အနှောင့်အယှက်များ ကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေဘောင်အတွင်းက အေးချမ်းတည်ငြိမ် စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်သကဲ့ သို့ ဆူပူအုံကြွမှုများဖန်တီးပြီး အကြမ်းဖက်လမ်းစဉ် များဖြင့် တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက  အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း       နားလည်သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ဟန့်တားပေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
မီဒီယာကဏ္ဍအနေဖြင့်    ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေး အခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင်    ကောင်းမွန်စွာ ရပ်တည်နိုင်ရန်၊     ခေတ်ပညာတတ်လူငယ်များ ဖြစ်အောင်ပံ့ပိုးပေးမှု၊   စေ့ဆော်တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့်   လုပ်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း။
ပြည်သူလူထုထံရောက်အောင် ထုတ်လွှင့်
ထို့ပြင် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကား များ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုး လှုံ့ဆော်ထုတ်လွှင့်မှုများ မပြုလုပ်ကြရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို    ပြည်သူလူထုထံ ရောက်အောင်   ထုတ်လွှင့်ဖော်ပြပေးနိုင်ရန်  လိုအပ် ပါကြောင်း။
နိုင်ငံပိုင်မီဒီယာဖြစ်သည့်   MRTV  အနေဖြင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး   နိုင်ငံနှင့်  ပြည်သူ အကျိုးအတွက် ဦးထိပ်ထားကာ စီစဉ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို မီဒီယာနည်းလမ်းများဖြင့်       အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း။
MRTV အနေဖြင့် ဖြတ်သန်းခဲ့သည့် (၇၅)နှစ်တာ ကာလအတွင်း တိုင်းကျိုးပြည်ပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုသမိုင်းမှတ်တမ်းများ၊ ထုတ်လုပ် တင်ဆက်ခဲ့မှုများ၊     အသုံးပြုခဲ့ကြသည့်   အသုံး အဆောင်နှင့်ယာဉ်၊      စက်ပစ္စည်းကိရိယာများကို မပျောက်ပျက်အောင် ပြုပြင်ထိန်းသိမ်းပြီး စနစ်တကျ ခင်းကျင်းပြသပေးရန် လိုအပ်သကဲ့သို့ ပစ္စည်းကိရိယာ များ  ရိုသေစွာ ကိုင်တွယ်အသုံးပြုတတ်ရန်၊ တန်ဖိုး ထား စုဆောင်းထိန်းသိမ်းတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် MRTV   စိန်ရတုပြတိုက်ငယ်ကို   ယခင်က  ပင်မ အဆောက်အဦအတွင်း   သီးခြားအခန်းတစ်ခုတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့
မိမိတို့တာဝန်ယူပြီးစအချိန်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို လာရောက်ကြည့်ရှုစစ်ဆေးချိန် တွင် ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့ အသံနှင့်   ရုပ်မြင်သံကြား၏   ထည်ဝါခံ့ညားသည့် ဂုဏ်ဒြပ်နှင့်အညီ  MRTV  စိန်ရတုပြတိုက်ကို  ပင်မ အဆောက်အဦရှေ့တွင်  သီးခြားတည်ဆောက်နိုင်ဖို့ စီမံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့်လည်း စနစ်တကျဖြင့် ခင်းကျင်းပြသရန် အတွက်လည်း အသေးစိတ် စီစဉ်ဆောင်ရွက်ခဲ့ကြ  ခြင်းဖြစ်သဖြင့် ယနေ့တွင် MRTV စိန်ရတုပြတိုက်ကို  အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။ 
လေ့လာနိုင်အောင် ခင်းကျင်းပြသထား
ယခုအခါ MRTV စိန်ရတုပြတိုက်တွင် ပုံစံငယ် များ၊ ရိုက်ကူးရေးယာဉ်များ ထိန်းသိမ်းထားရှိမှုများ၊ စက်ပစ္စည်းနှင့် အသုံးအဆောင်များ၊ ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊   တူရိယာပစ္စည်းများကို  ကဏ္ဍ အလိုက် လေ့လာနိုင်အောင် ခင်းကျင်းပြသထားခြင်း ဖြစ်ပါကြောင်း။
ထို့အပြင်   သတင်းဖတ်ကြားထုတ်လွှင့်သည့် အခန်းများ၊ Virtual Studio အသုံးပြုရိုက်ကူးမှုများကို လေ့လာနိုင်မည်ဖြစ်သလို MRTV တွင် ခေတ်အဆက် ဆက်က အသုံးပြုခဲ့ကြသည့် ပစ္စည်းကိရိယာများကို တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်စေရန် ခင်းကျင်း ပြသပေးထားခြင်းဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သည့် အသိပညာ   ဗဟုသုတများနှင့်  အတွေးအမြင်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ဗဟုသုတများစွာရရှိနိုင်မည်
MRTV စိန်ရတုပြတိုက်ဖွင့်လှစ်မှုနှင့် တစ်ဆက် တည်း MRTV News Channel ကိုစမ်းသပ်ထုတ်လွှင့် မှုမှ   ပုံမှန်ထုတ်လွှင့်သွားရန်အတွက် MRTV DTH စနစ်ကိုလည်း လွှမ်းခြုံထုတ်လွှင့်နိုင်ရန် စတင်ဖွင့်လှစ် ပေးမည်ဖြစ်ပါကြောင်း၊   ယနေ့စတင်ဖွင့်လှစ်မည့် MRTV News Channel သည် တချို့ကျင့်ဝတ်ဖောက် ဖျက်ပြီး နိုင်ငံကို အန္တရာယ်ရှိစေမည့် သတင်းအတု၊ အယောင်၊ သတင်းမှားများ၊ ကောလာဟလများနှင့် တိုင်းပြည်တွင် မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွ စေရန် သွေးထိုးလှုံ့ဆော် လုပ်ကြံဖန်တီးလာမှုများ အပေါ် သတင်းမှန်များ လျင်မြန်စွာထုတ်ပြန်ခြင်းဖြင့် ပြည်သူများ သတင်းမှန် သိရှိပိုင်ခွင့်အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းပင်   ဖြစ်ပါကြောင်း၊   MRTV  News  Channel   သည်    နိုင်ငံတကာသတင်းများကို လျင်မြန်စွာ   ဘာသာပြန်ဆိုတင်ဆက်ပေးခြင်းဖြင့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပျက်နေသည့်၊ သိသင့်သိထိုက် သည့် သတင်းများကို ပြည်သူများ လျင်မြန်စွာ သိရှိခွင့် ရရှိပြီး ဗဟုသုတများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
အထောက်အကူပြုစေမည်
ထို့အပြင် ယနေ့စတင်ဖွင့်လှစ်မည့် MRTV DTH စနစ်သည်လည်း မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံ ထုတ်လွှင့်နိုင်မည် ဖြစ်ပါကြောင်း၊ MRTV အနေဖြင့် ၁၉၈၀ ပြည့်နှစ်က  Analogue  စနစ်ဖြင့်  စတင် ထုတ်လွှင့်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ Digital (DVB-T2) စနစ်ဖြင့် တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့သလို ယခုအခါမှာ Digital (DTH)  စနစ်ဖြင့်  ထပ်မံတိုးမြှင့်ထုတ်လွှင့်နိုင် ခြင်းပင်ဖြစ်ပါကြောင်း၊   ထိုသို့  ဆောင်ရွက်နိုင်မှုများ ကြောင့် နိုင်ငံပိုင်ရုပ်သံထုတ်လွှင့်မှုသည် Digitali-zation ဖြစ်သည့် ဒီဂျစ်တယ်စနစ်ကို ပြောင်းလဲမှုတွင် ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းဖြစ်သကဲ့သို့ နိုင်ငံ အတွင်းတွင် တရားမဝင်စလောင်းများ ပပျောက်ရေး အတွက်လည်း   အထောက်အကူပြုစေမည်  ဖြစ်ပါ ကြောင်း။                        
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း
ထို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊   အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက်   မြန်မာနိုင်ငံ၏   မီဒီယာကဏ္ဍတွင် အဓိကထောက်တိုင်ကြီးတစ်ခု      ဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး   အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်ရေးအတွက်  အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များကို       မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်ရရှိစေရန် ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက် ပဓာနကျသည့် မီဒီယာကြီးလည်း  ဖြစ်ပါကြောင်း၊    ထို့အပြင်   နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်   ပြည်သူများအကြား   ခိုင်မာသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်အောင်လည်း တတ်စွမ်း သရွေ့ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ယနေ့အချိန်ကာလသည်   ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့်         ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေချိန်ဖြစ်သလို နိုင်ငံတော် အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းသည့်နိုင်ငံ၊ သာယာဝပြောသည့် နိုင်ငံ၊ နိုင်ငံတော် ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်စေမည့်   ကဏ္ဍအားလုံးကို   ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း နိုင်ငံ အကျိုး၊    နိုင်ငံသားများအကျိုးကို  စိတ်ကောင်း စေတနာအပြည့်၊ ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပိုမိုသယ်ပိုးစွမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါ ကြောင်းဖြင့် ပြောကြားသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက်     နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် MRTV News Channel နှင့် MRTV DTH စနစ်တို့ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။
ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MRTV DTH Receiver နှင့် နှစ်ပေစလောင်းတစ်စုံအား ဂါရဝပြုပေးအပ်ပြီး အနုပညာရှင်များနှင့် ဝန်ထမ်း များက  တေးသီချင်းများဖြင့်   ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖျော်ဖြေတင်ဆက် ခဲ့ကြသည့်   အနုပညာရှင်များနှင့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။  အခမ်းအနားအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး အတူတကွ သုံးဆောင် ခဲ့ကြသည်။
ခင်းကျင်းပြသ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် ကို   နေပြည်တော်(တပ်ကုန်း)ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏    ပင်မအဆောက်အဦအတွင်း သီးခြားအခန်းတစ်ခုအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား  စိန်ရတုပြတိုက်ကို ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံ နှင့်   ရုပ်မြင်သံကြား၏  ဂုဏ်ဒြပ်နှင့်အညီ ထည်ဝါ ခံ့ညားစွာ ခင်းကျင်းပြသနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်နှင့်အညီ ပင်မအဆောက်အဦ၏ရှေ့ လက်ရှိနေရာတွင်        နှစ်ထပ်အဆောက်အဦကို ဆောက်လုပ်ပြီး   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် အဆောက်အဦ များ၊ ရုပ်သံထုတ်လွှင့်မှုစက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေးမော်တော်ယာဉ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများပြခန်း   စုစုပေါင်း   ၄၀ အား ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်