ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်    ဇန်နဝါရီ    ၃၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များကို  ‌ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ        နေ့စဉ်     လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်‌ပေးလျက်ရှိသည်။      
ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၃၁ ရက် ၌   ရန်ကုန်ဆိပ်ကမ်းများမှ   Foley Catheter ၁၇၈၅၀၊   External  Male Catheter   ၄၀၀၊ Stethoscope  ၁၅၀၀၊    Surgical   Tape ၄၀၀၈၀၀၊ Dressing Fixation Tape ၁၆၄၀၀၊ Blood  Lancet   ၁၀၀၀၀၊   Heparin  Cap ၃၀၀၀၀၊ Oxygen Concentrator ရှစ်ခု၊  ဆေးဝါးမျိုးစုံ ၄၃ မျိုး  စုစုပေါင်း ၁၆၆၃၉၁ ဒသမ ၁၂ KG၊ နယ်စပ် (ချင်းရွှေဟော်)တွင် ကုမ္ပဏီတစ်ခုမှ Glucose Injection  ၁၅၇၄၄၀  တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်၊၊
သတင်းစဉ်