
နေပြည်တော် ဇန်နဝါရီ ၃၁
ဆဋ္ဌမအကြိမ် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၄) ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီး ဦးကြည်သိန်း က အမှာ စကား ပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာ ဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ ၁၉၅ ဦး ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် များပေးအပ်သည်။ ထို့နောက် တရားလွှတ်တော် ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုကြသည်။
သတင်းစဉ်