
နယူးဒေလီ ဇန်နဝါရီ ၃၁
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၀၉၉၁၈ ဦးရှိကြောင်း မှတ်တမ်းတင်ဖော်ပြမှု နှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၁၃၀၂၄၄၀ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင် ဖော်ပြထားသည်။
ထို့အပြင် ဇန်နဝါရီ ၃၀ ရက်ကတည်းက ကိုဗစ်-၁၉ ကြောင့် ၉၅၉ ဦး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၄၉၅၀၅၀ အထိ ရှိလာ ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၈၃၁၂၆၈ ဦးရှိပြီးလွန်ခဲ့သော ၂၄ နာရီအတွင်း ၅၃၆၆၉ ဦး ကျဆင်းခဲ့သည်။
ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၃၈၉၇၆၁၂၂ ဦး ရှိလာပြီး ယင်းတို့အနက် ၂၆၂၆၂၈ ဦးမှာ လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ပြန်လည် ဆင်းလာသူများဖြစ်ကြသည်။ ဆင်ဟွာ