ပြခန်းတွေကို ကြည့်ပြီးတဲ့အချိန်မှာ လေယာဉ်တွေတီထွင်လိုတဲ့ ဆန္ဒတွေဖြစ်ပေါ်ခဲ့ပါတယ်  မောင်အောင်ကောင်းခန့်ဇော်


 

နေပြည်တော်   ဇန်နဝါရီ   ၃၁
ပြန်ကြားရေးဝန်ကြီးဌာန၊   ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့   ပူးပေါင်းစီစဉ်ကျင်းပလျက်ရှိသည့်  (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်နှင့်စာပေပွဲတော်ကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တတိယမြောက်နေ့အဖြစ် ကျင်းပခဲ့သည်။
လူငယ်နှင့်   စာပေပွဲတော်သို့  ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ကျောင်းသား ကျောင်းသူများ အပါအဝင် အများအပြားလာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများအား လာရောက် လေ့လာကြည့်ရှုကြသူများနှင့် ပွဲတော်တွင် ကဏ္ဍအသီးသီးမှ ပါဝင်ခွင့်ရရှိခဲ့သူများ၏ အမြင်များအား မေးမြန်းထားသည်ကို ဖော်ပြအပ်ပါသည်။
ဦးအောင်ကျော်ငြိမ်း
မြန်မာနိုင်ငံလေကြောင်း  
ဝါသနာရှင်များအသင်း ဥက္ကဋ္ဌ
ဒီနေ့ပြပွဲမှာ လေကြောင်းပညာကို လူငယ်တွေ စိတ်ဝင်စားလာဖို့၊  စိတ်ဝင်စားတဲ့လေကြောင်း ဝါသနာ ရှင်တွေကို  ပြုစုပျိုးထောင်ဖို့အတွက်  မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်းကနေ ဦးဆောင် ပြီး ပြိုင်ပွဲတွေ ကျင်းပပေးပါတယ်။  ဒီလေကြောင်း ပညာနဲ့ဆိုင်တဲ့ ပဟေဠိတွေကို လေကြောင်းဝါသနာ ပါတဲ့ ကျောင်းသား ကျောင်းသူတွေကို ဖြေဆိုစေခြင်း အားဖြင့် လေကြောင်းဝါသနာရှင်လူငယ်တွေအဆင့် ကနေပြီးတော့    နိုင်ငံတော်အတွက်   အကျိုးပြုတဲ့ လူသားအရင်းအမြစ်တွေ   ဖြစ်လာဖို့အတွက်   ပြုစု ပျိုးထောင်ပေးချင်တာ   ဖြစ်ပါတယ်။  မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်းကနေ ဦးဆောင် ပြီး ပြပွဲ  ပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ ပြုလုပ်ပေးခဲ့တာ တွေလည်းရှိပါတယ်။   ၂၀၁၆ ခုနှစ်  ပြင်ဦးလွင် တန်ဆောင်တိုင်   မီးပုံးပျံပွဲမှာ  ပထမဆုံးပါဝင်ပြီး အဝေးထိန်းလေယာဉ်ငယ် ပြပွဲ၊ ပြိုင်ပွဲပါ ကျင်းပပေး ခဲ့ပါတယ်။ ကျိုက္ကဆံကွင်းမှာလည်း အားကစားနှင့် ကာယပညာဦးစီးဌာနနဲ့ပူးပေါင်းပြီး      Outdoor ၊ Indoor Flight Compitition ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ တွေ ပြုလုပ်ပေးခဲ့တယ်။ ၂၀၁၈ ဒီဇင်ဘာမှာလည်း မန္တလေး ချမ်းမြသာစည်လေဆိပ်မှာလေကြောင်းနဲ့ပတ်သက်တဲ့ ပြပွဲ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။
မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်း ကနေ     လေကြောင်းပညာဝါသနာပါလာအောင် ဆွဲဆောင်စည်းရုံးပြီး     လူငယ်တွေလေကြောင်း အတတ်ပညာနဲ့  နိုင်ငံတော်ကို အကျိုးပြုလာနိုင် အောင်    ကြိုးစားသွားမှာပါ။   
ဒေါက်တာသန်းနိုင်စိုး 
ကျောင်းအုပ်ကြီး အထက-၁၆ မန္တလေး 
ပြခန်းတာဝန်ခံ
ပညာရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး အမျိုး အမည်ပေါင်း ၄၈ မျိုးကို  နိုင်ငံတော်မှ  ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့အညီ ပြခန်းပေါင်း မြောက်မြားစွာ နဲ့ လာရောက်ပြသတာဖြစ်ပါတယ်။ ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်းတွေ၊ မြန်မာနိုင်ငံရဲ့   ရှားပါးသော လိပ်ပြာမျိုးစိတ်  ပြခန်းတွေစသဖြင့်   ပါဝင်ပါတယ်။ ယခုပြသထားတဲ့    တချို့လိပ်ပြာမျိုးစိတ်တွေဆိုရင် ကိုးတန်း၊ ဆယ်တန်း  ဇီဝဗေဒသင်ရိုးညွှန်းတမ်း အတိုင်း  ပြသထားတာဖြစ်ပါတယ်။  ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်းတွေမှာဆိုရင်       ကားတစ်စီးရဲ့ စတီယာရင်တိုင်  အလုပ်လုပ်ပုံတွေ၊ ဂီယာဘီးတစ်ခု နှင့်တစ်ခု   ချိတ်ဆက်အလုပ်  လုပ်ပုံတွေ  စသဖြင့် အသေးစိတ်ပြသထားတာကြောင့်    လူငယ်တွေ အတွက်  များစွာအကျိုးပြုပါတယ်။
မောင်အောင်ကောင်းခန့်ဇော် ကျောင်းသား
အလက(၁) နေပြည်တော်
ဒီနေ့လူငယ်နှင့်  စာပေပွဲတော်မှာ ပြသထားတဲ့ပြခန်းတော်တော်များများကို ကြည့်ရှုလေ့လာပြီးပါပြီ။ အဲဒီပြခန်းတွေထဲက     ရေကြောင်းပြခန်းကတော့ စိတ်ဝင်စားစရာအကောင်းဆုံးလို့ ထင်ပါတယ်။  အခု ဒီပြခန်းတွေကို     ကြည့်ပြီးတဲ့အချိန်မှာ    လေယာဉ် တွေ တီထွင်လိုတဲ့ဆန္ဒတွေဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို လူငယ်နှင့် စာပေပွဲတော်တွေကို   အများကြီးထပ်မံကျင်းပပေးစေချင်ပါတယ်။   ဒီလိုပြပွဲတွေများများ လုပ်ပေးရင်တော့ လူငယ်တွေဗဟုသုတတွေ အများကြီး ရရှိကြမှာပါ။
မောင်အောင်တေဇကျော် ကျောင်းသား
အထက(၁)နေပြည်တော်
အခုဒီပွဲတော်ကို     လာရောက်ရတဲ့အကြောင်း ရင်းကတော့    စာအုပ်တွေဝယ်ချင်လို့  လာခဲ့တာပါ။ ဒီလိုပွဲတော်    ကျင်းပပေးခြင်းအားဖြင့်  ကျွန်တော့် အတွက်တော့   စိတ်ပျော်ရွှင်ပါတယ်။    လူငယ်တွေ အတွက်လည်း      အသိဉာဏ်ဖွံ့ဖြိုးစေတယ်။       ဒီလို ပွဲတော်တွေကို    ခဏခဏလုပ်ပေးစေချင်ပါတယ်။ ပြခန်းတွေထဲမှာဆိုရင်လည်း   နည်းပညာပြခန်းတွေ ဆိုရင်   မြင်ရခဲတယ်။   အခုပွဲတော်ကျင်းပပေးတဲ့ အတွက်လည်း  တာဝန်ရှိသူတွေကို အထူးကျေးဇူးတင် ပါတယ်။ အခုပြခန်းတွေထဲမှာဆိုရင်   စာချုပ်စာတမ်း များနှင့်       မှတ်တမ်းမှတ်ရာများပြခန်း၊      သိပ္ပံနဲ့ နည်းပညာပြခန်းတွေကို   ပိုပြီးစိတ်ဝင်စားပါတယ်။
မအိမ့်မြတ်နေခြည်အောင် ကျောင်းသူ
အထက(၃) နေပြည်တော်
သမီးက  သမိုင်းကျောင်းတွေကို  စိတ်ဝင်စားလို့ လူငယ်နဲ့  စာပေပွဲတော်မှာ ပြသထားတဲ့  သမိုင်းဝင် စာချုပ် စာတမ်းနဲ့   မှတ်တမ်းမှတ်ရာများပြခန်းမှာ လေ့လာရတာ     ပိုပြီးပျော်ပါတယ်။    ပင်လုံစာချုပ် အကြောင်းကိုလည်း   လေ့လာဖြစ်ပါတယ်။  ပြီးတော့ ဘာသာစကားတွေကိုလည်း စိတ်ဝင်စားတယ်။ ကိုယ့် နိုင်ငံက   သမိုင်းကြောင်းတွေကို   ကမ္ဘာကသိအောင် ဘာသာပြန်ဆိုတာတွေ၊  အခြားနိုင်ငံက အကြောင်း တွေကို    ကိုယ့်နိုင်ငံကသိအောင်    ဘာသာပြန်ဆိုရ တာ စိတ်ဝင်စားပါတယ်။   ဒီပွဲတော်မှာ ဂိမ်းတွေလည်း ဆော့ရလို့    ပျော်ပါတယ်။  အားကစားတွေမှာလည်း ဝင်ပြိုင်လို့ရတယ်။     အထွေထွေဉာဏ်စမ်းမေးခွန်း တွေကိုလည်း     ဖြေခဲ့ပါတယ်။    ဆေးရောင်စုံလည်း ခြယ်ခဲ့တယ်။   ဆုတွေလည်း   အများကြီးရခဲ့ပါတယ်။ သမီးရဲ့သူငယ်ချင်းတွေကို   ဒီလိုပွဲမျိုးကို လာစေချင် ပါတယ်။   ဗဟုသုတလည်း   အများကြီးရပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ 
မောင်ဇော်ထူးပိုင် ကျောင်းသား
အထက(၇) နေပြည်တော်
သားက ဖျော်ဖြေရေးအပိုင်းမှာ  လားဟူတိုင်းရင်း သားအကအဖွဲ့မှာ   ပါဝင်ရတာပါ။   သားက အကမှာ ဝါသနာပါတော့       ဒီလိုဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပျော်လည်းပျော်ပါတယ်။  အကပိုင်း အတွက် တစ်လနီးပါး လေ့ကျင့်ခဲ့ရပါတယ်။  သားတို့ အဖွဲ့က  ကျောင်းသား ၁၅ ယောက်၊  ကျောင်းသူ ၁၅ ယောက်နဲ့   စုစုပေါင်း  အယောက် ၃၀ နဲ့ ကပြရတာ ပါ။    သားတို့က     လားဟူတိုင်းရင်းသားဝတ်စုံနဲ့ ပြည်ထောင်စုသားသီချင်းနဲ့  ကပြဖျော်ဖြေရတာပါ။
မောင်ခန့်မင်းလွင် ကျောင်းသား
အစိုးရနည်းပညာအထက်တန်းကျောင်း 
နေပြည်တော်
ဒီပွဲတော်မှာ နည်းပညာနဲ့ ပတ်သက်ပြီး လေ့လာ စရာတွေအများကြီးကို    လေ့လာခွင့်ရခဲ့ပါတယ်။ ကားနဲ့  ပတ်သက်တာတွေ  စိတ်ဝင်တစားလေ့လာ ဖြစ်တယ်။ စာအုပ်တွေနဲ့  ပတ်သက်တာတွေကိုလည်း ပိုပြီးလေ့လာဖြစ်တယ်။    သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်တာပါ။      ဒီလိုပွဲတော်ကြီးကို လာရတဲ့အတွက် ဝမ်းလည်းသာပါတယ်။  ပွဲတော် ကျင်းပပေးတဲ့      သက်ဆိုင်ရာတာဝန်ရှိသူတွေကို လည်း ကျေးဇူးတင်ပါတယ်။
မောင်တိုးထက်လင်း ကျောင်းသား
အစိုးရနည်းပညာအထက်တန်းကျောင်း 
(နေပြည်တော်) ဒုတိယနှစ်
ကျွန်တော်တို့လူငယ်တွေအနေနဲ့ လူငယ်နဲ့စာပေ ပွဲတော်ကို  လာရောက်လေ့လာရတဲ့အတွက် မမြင်ဖူး တာတွေလည်း မြင်ရတယ်။   အသိပညာဗဟုသုတ တွေလည်း တိုးလာတယ်။  လေယာဉ်ပြကွက်မှာဆိုရင် လေယာဉ်နဲ့ပတ်သက်တဲ့       ပုံစံငယ်လေးတွေနဲ့ အသေးစိတ်ပြထားတာတွေလည်း      တွေ့ရတယ်။ လေယာဉ်တွေအကြောင်းကိုလည်း      နှံ့နှံ့စပ်စပ် လေ့လာလို့လည်းရပါတယ်။     ကျွန်တော့်အနေနဲ့ ပြခန်းတွေထဲမှာ    လေယာဉ်ပြခန်းကို    သဘောကျ အနှစ်သက်ဆုံးဖြစ်ပါတယ်။ အဲဒါကြောင့် လေယာဉ်နဲ့ ပတ်သက်တဲ့     ဉာဏ်စမ်း‌စာမေးပွဲဝင်ပြိုင်တဲ့အခါ ဒုတိယဆုရရှိပါတယ်။    ဒီပွဲတော်ကို  လာရောက် လေ့လာပြီး အသိပညာဗဟုသုတတွေများစွာ ရရှိစေ တဲ့အတွက်  လူငယ်နှင့် စာပေပွဲတော်ကို  ဖြစ်မြောက် အောင် ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဒီလိုပွဲတော် တွေ ကျင်းပပေးနိုင်ရင်    တော်တော်လေး   ဝမ်းသာမိ မှာပါ။
မသက်ထားဇော် ကျောင်းသူ
အလက(၁) နေပြည်တော်
လူငယ်နှင့် စာပေပွဲတော်ကျင်းပပေးတာ    သမီး တို့လို      လူငယ်တွေအတွက်     အဖိုးမဖြတ်နိုင်တဲ့ အသိပညာဗဟုသုတတွေ     ရရှိစေပါတယ်။    ပန်းချီ၊ လေကြောင်း၊  ရေကြောင်း၊ နည်းပညာသိပ္ပံ၊  စာအုပ် စာပေ၊ ကျန်းမာရေး‌တို့နဲ့ ပတ်သက်တဲ့   အကြောင်း အရာ ပြည့်ပြည့်စုံစုံကို တစ်နေရာတည်းမှာ သိခွင့် ရခဲ့ပါတယ်။   သမီးက  ပန်းချီနဲ့   ကျန်းမာရေးကို ဝါသနာပါသူဖြစ်ပါတယ်။   အခုပန်းချီ ဆေးရောင် ခြယ်ပွဲမှာ   သူငယ်ချင်းတွေနဲ့အတူတူ ဆေးရောင် ခြယ်ပြီး ပန်းချီရသကိုခံစားမိပါတယ်။  ကျန်းမာရေး နဲ့ပတ်သက်ပြီး အသည်းကင်ဆာ၊  အဆုတ်ကင်ဆာ၊ ပါးစောင်ကင်ဆာ စသဖြင့်  အများကြီး  ဆေးစိမ်ပြီးပြသထားတာတွေဖြစ်တဲ့အတွက်    တော်တော့်ကို ဗဟုသုတတွေရပါတယ်။  အဲဒီအတွက် ဒီပွဲတော်ကြီး ဖြစ်လာဖို့ စီမံပေးတဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူး တင်ကြောင်း ပြောပါရစေ။ 
မခင်စန္ဒာပြည့်စုံကျော် ကျောင်းသူ
သမီးက   လူငယ်နဲ့စာပေပွဲတော်မှာ   စာအုပ် အရောင်းဆိုင်တွေနဲ့ ပြခန်းအများကြီးကို လေ့လာခဲ့ပါ တယ်။   အဲဒီထဲက   သိပ္ပံနဲ့နည်းပညာပြခန်းများကို ပိုပြီး စိတ်ဝင်စားပါတယ်။  ကျောင်းမှာဆို စာတွေ့ပဲ လေ့လာရတာပါ။     အခုပြခန်းတွေက   မျက်မြင် တွေ့ရတာ   ပိုသဘောကျမိပါတယ်။   ဒါကြောင့်မို့ ပြခန်းတွေအများကြီးရှိတဲ့အထဲက သိပ္ပံနဲ့နည်းပညာ ပြခန်းတွေကို   လေ့လာပါတယ်။   လူငယ်နဲ့စာပေ‌ ပွဲတော်ဟာ   ပြခန်းပေါင်းများစွာနဲ့  စာအုပ်အရောင်း ပွဲတော်တွေ ခင်းကျင်းပြသပေးထားတာကို   တွေ့ရပါ တယ်။ သမီးတို့ ဗဟုသုတရပါတယ်။  သူငယ်ချင်းတွေ အများကြီးနဲ့       လာရောက်လေ့လာရတဲ့အတွက် ပျော်ရွှင်မိပါတယ်။   အခုလို ကလေးတွေအတွက် ဗဟုသုတရမယ့်    လူငယ်နှင့်စာပေပွဲတော်တွေကိုလည်း     နှစ်စဉ်နှစ်တိုင်း        ကျင်းပပေးစေချင်ပါတယ်။   လာရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါ တယ်။'
ဟိန်းဇင်နိုင်ဖြိုး၊ ခင်သန္တာထွေး