
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၇ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ တာဝန်မှ အနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်အား ကျန်းမာရေးအရ မိမိသဘောဆန္ဒအလျောက် တာဝန်မှအနားယူခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး