တူရကီနိုင်ငံ၌ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် အမြင့်ဆုံးသို့ရောက်ရှိ

အစ္စတန်ဘူလ်   ဇန်နဝါရီ   ၃၀


တူရကီနိုင်ငံ၌    ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၉၄၇၈၃ ဦးကို ထပ်မံ တွေ့ရှိရပြီး  ၎င်းအရေအတွက်သည်   နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက် အတွင်း အမြင့်ဆုံးရောဂါကူးစက်သူအရေအတွက် ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ဖာရက်တင် ကိုကာက ပြောကြားသည်။ 


နိုင်ငံအတွင်း   ကိုဗစ်-၁၉  ရောဂါကူးစက်မှု        များပြားလာခြင်းမှာ  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကြောင့်ဖြစ်သည်။
နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင့်ကြနေစရာမလိုအပ်ကြောင်းနှင့်     နိုင်ငံသားများသည်  ကိုဗစ်-၁၉   ရောဂါဘေးမှ ကင်းလွတ်ရန်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူသွားရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ    စည်းမျဉ်းများကိုလည်း   လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေးအတွက် ယမန်နှစ်   ဒီဇင်ဘာလကုန်၌   ငါးကြိမ်မြောက်    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းအား  စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ