
စစ်တွေ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော် မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၈ ရက် က သံတွဲခရိုင် ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် ခန်းမဆောင်တည်ဆောက်နေမှုနှင့် ဂွ-ကျောက်ချွန် လမ်းပေါ်ရှိ ဂွချောင်းတံတား တည်ဆောက်နေမှုကိုသွားရောက်စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ သို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်း မှူးတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂွမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုး ရေးအဆင်ပြေစေရန်အတွက် သွင်းအားစုဓာတ်မြေ ဩဇာပေးအပ်မှုများ၊ ကျေးလက်အိမ်ရာတည်ဆောက် ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ ဒေသဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး မြို့မိ မြို့ဖတစ်ဦးက ဒေသအတွက် လိုအပ်ချက် များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေးကြပြီး မိမိတို့ဝန်ကြီးဌာန အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသ အတွင်း လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝ ကို အခြေခံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာ ရေးကဏ္ဍအတွက် အဘက်ဘက်မှ လိုအပ်သည်များ အတွက် အားပေးဖြည့်ဆည်း ဆောင်ရွက်နေမှုအခြေ အနေများ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းမှူးက ဒေသတည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)