တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဇန်နဝါရီ  ၃၀

 


တပ်မတော်  (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့်  စေတနာရှင်အလှူ ရှင်များက   မြို့နယ်အသီးသီး       ရှိ    ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်း ခြင်း များ   ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်ရှိ ဒဂုံပရိယတ္တိစာသင်တိုက်၊ မှော်ဘီ မြို့နယ်       ထိန်စွန်းကျေးရွာရှိ ထိန်စွန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး အိမ်မဲမြို့ ဝိသုဒ္ဓါရုံကျောင်း တိုက်၊    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရန်ကြီး အောင်ကျောင်းတိုက်တို့ရှိ  ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊   နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ  တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း   သတင်းရရှိ သည်။            

 

သတင်းစဉ်