အစ္စရေးသမ္မတ ယူအေအီးနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်

 

ဂျေရုဆလင် ဇန်နဝါရီ ၃၀

 


အစ္စရေးသမ္မတ      အိုင်ဇက်ဟားဇော့သည် ဇန်နဝါရီ ၃၀ ရက်တွင် ယူအေအီးနိုင်ငံသို့  ပထမဆုံးအကြိမ် သမိုင်းဝင်ခရီး  လာရောက် ခဲ့ပြီး  နှစ်နိုင်ငံ  ချစ်ကြည်ရေးခိုင်မြဲမှုအတွက် လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ 

 


နှစ်ရက်ကြာ     ချစ်ကြည်ရေးခရီးစဉ်မှာ ပင်လယ်ကွေ့နိုင်ငံတစ်ခုသို့  အစ္စရေးသမ္မတ အနေဖြင့် တရားဝင်လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ 

 


အဆိုပါ   ခရီးစဉ်အတွင်း    အဘူဒါဘီ အိမ်ရှေ့မင်းသား    ရှိတ်ခ်မိုဟာမက်ဘင် ဇေယက်အယ်လ်နာ့ရန်နှင့်  တွေ့ဆုံသွားမည် ဖြစ်သည်။ 

 


အစ္စရေးနှင့်     ယူအေအီးနိုင်ငံတို့သည်  ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း အမေရိကန် ၏   စေ့စပ်ပေးမှုဖြင့်    ငြိမ်းချမ်းရေးသဘော တူညီမှုတွင်    လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 


ထို့နောက် အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်နက်သည်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ယူအေအီးနိုင်ငံသို့ သွားရောက်ခဲ့သည်။


ဆင်ဟွာ