ဖိလစ်ပိုင်နိုင်ငံသို့ ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများ လာရောက်ခွင့်ပြုမည်

 

မနီလာ ဇန်နဝါရီ ၃၀

 


ဖိလစ်ပိုင်နိုင်ငံက  ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ နိုင်ငံအများစုမှ   ကာကွယ်ဆေးအပြည့်ထိုးထားသည့် နိုင်ငံခြားခရီးသွားများကို ပြန်လည်လက်ခံတော့မည် ဟု  အာဏာပိုင်များက   ဇန်နဝါရီ   ၂၈   ရက်တွင် ပြောသည်။ 

 


ကိုဗစ်-၁၉   ကူးစက်ပျံ့နှံ့မှုကို   ထိန်းချုပ်ရန် အတွက်  နှစ်နှစ်နီးပါးကြာ    နိုင်ငံ၏နယ်စပ်များကိုပိတ်ထားခဲ့ရပြီးနောက်     ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်သည်။ 

 


ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့်နှစ်  ဒီဇင်ဘာလ အတွင်း တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံခြားခရီးသွား များကြားတွင် နာမည်ကြီးသည့် အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များနှင့်ဘားများ  ပျက်စီးခဲ့ရသည်။ 

 


ယခုအခါ ခရီးသွားလုပ်ငန်းမှာ  ပြန်လည်နာလန် ထူလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ကာ   တိုင်းပြည်စီးပွားရေး    တိုးတက်ရေး အတွက်  အထောက်အကူဖြစ်မည်ဟု    သမ္မတ ပြောရေးဆိုခွင့်ရှိသူ   ကာလိုနိုဂရာလက်စ်က  ပြော သည်။ 

 


ယခင်ကလည်း ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံခြားခရီး သွားများကို  ပြန်လည်လက်ခံသွားရန်  စီစဉ်ခဲ့သော် လည်း အိုမီခရွန်ကူးစက်မှုများ ပေါ်ပေါက်လာသဖြင့် အဆိုပါအစီအစဉ်ကို  ဆိုင်းငံ့ခဲ့ရသည်။   သတ်မှတ် ထားသည့်နိုင်ငံများမှ   ကိုဗစ်-၁၉   ကာကွယ်ဆေး အပြည့်ထိုးပြီးသူ နိုင်ငံခြားခရီးသွားများမှာ ဖိလစ်ပိုင် နိုင်ငံသို့မလာမီ  ကိုဗစ်-၁၉  ကင်းစင်ကြောင်း   ဆေး လက်မှတ်ပြသရမည်ဖြစ်သည်။ 

 


ထို့နောက်     ဖိလစ်ပိုင်နိုင်ငံသို့ရောက်လျှင် ရောက်ခြင်း အသွားအလာစောင့်ကြည့်ကန့်သတ်မှု ခံယူရန် မလိုအပ်ပေ။ 
ခရီးသွားလုပ်ငန်းမှာ    အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့်    ဖိလစ်ပိုင်နိုင်ငံ၏   စီးပွားရေး အတွက် အဓိကလုပ်ငန်းဖြစ်ပြီး ၂၀၁၉  ခုနှစ်တွင် နိုင်ငံဂျီဒီပီ  ၁၃  ရာခိုင်နှုန်းမှာ   ခရီးသွားလုပ်ငန်းမှ ရရှိသည်။ 

 


လူပေါင်း ရှစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ သည်ဟု  တရားဝင်အချက်အလက်များအရ  သိရ သည်။ ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း  ၁၁၀  မှာ  ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်သည်။ 

 


ကပ်ရောဂါစတင်ဖြစ်ပွားသည့်   အချိန်မှစတင် ကာ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ် -၁၉  ကူးစက်ခံရသူ ၃ ဒသမ ၄ သန်းရှိပြီး သေဆုံးသူ ၅၃၀၀၀ ကျော်ရှိ သည်ဟု သိရသည်။                        

 

အေအက်ဖ်ပီ