ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

 

ပူတာအို    ဇန်နဝါရီ ၂၉
မြန်မာပြည်မြောက်ဖျားမှ  သွားလာရေးခက်ခဲသည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက်လုပ်ပြီးစီးမှု နှင့်     မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေး   ဆောင်ရွက်နေ မှုများကို    ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန် သည်   ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီး၊   ပြည်နယ်ဥပဒေချုပ်၊  ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်က ကွင်းဆင်းစစ်ဆေးသည်။ 
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်က    ပူတာအိုမြို့မှ  ခေါင်လန်ဖူးလမ်းပေါ်ရှိ  ကဆန်ခချောင်းပေါ်တွင်  တံတားဦးစီးဌာန  တံတား အထူးအဖွဲ့  (၁)က  တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မီတာ  ၁၈၀ အရှည်  တံတားအမှတ် (၂/၁)  မဂွေဇ တံတား   တည်ဆောက်နေရေးလုပ်ငန်းခွင်အတွင်း တံတားတည်ဆောက်ပြီးစီးမှု၊     တည်ဆောက်ဆဲ လုပ်ငန်းများနှင့်  တံတား၏  A2  ဘက်ခြမ်းတွင် လမ်းဦးစီးဌာနမှ မီတာ ၄၀၀ အရှည် တံတားချဉ်းကပ် လမ်းနှင့် ရှင်းလင်းဆောင်သစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ဆောင်ရွက်နေသည့် (၆၅/၄)မိုင်  ဇီဝဒမ် လမ်း စီမံကိန်းရုံး၌  ဝန်ထမ်းများအား  တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ပြီး ပေ ၇၇၀၀ အမြင့်ရှိ ဆန်းလွတ်ချက် တောင်ကြားတွင်  ဆိုင်းဘုတ်စိုက်ထူထားရှိမှုနှင့် ဗျူးပွိုင့်အဆောင် ဆောက်လုပ်ထားရှိမှု၊ ဆီးနှင်းများ ကျဆင်းပြီး  ရေခဲပြင်များ  ဖြစ်ပေါ်နေမှု၊  ဆန်းလွတ် ချက်တောင်ကြားလမ်း  ၉  ထပ်ကွေ့တွင်  ဆိုင်းဘုတ် များ   စိုက်ထူပြီးစီးမှုနှင့်  လုံးတုံတွင် ရဝမ်၊ လီဆူ တိုင်းရင်းသားစုံတွဲရုပ်တုများဖြင့်    ခေါင်လန်ဖူး ဒေသမှ    ကြိုဆိုပါ၏    ဆိုင်းဘုတ်ဆောင်ရွက်ပြီးစီးမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ခေါင်လန်ဖူးမြို့၌    မြို့မြေတိုးချဲ့ရေး တောင်ပတ်လမ်းဖောက်လုပ်၍  မြေ  ၁၅  ဧကခန့် ရှင်းလင်းဆောင်ရွက်ထားရှိမှု     အခြေအနေများနှင့် စည်ပင်သာယာရေးအဖွဲ့က    မြို့တွင်းလမ်းကွန်ကရစ် လှေကားထစ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌    ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များနှင့်တွေ့ဆုံ၍     ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ခေါင်လန်ဖူးဒေသသည် ရေခဲတောင် များဝန်းရံထားသည့်     ဒေသဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရှိန်းခေါင် ဒေသတွင်     နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရန် ဒေသခံများနှင့် ဌာနဆိုင်ရာ အားလုံး ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာ ကြားသည်။
ဆက်လက်၍     ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်    ခေါင်လန်ဖူးမြို့တွင်းလမ်း   တိုးချဲ့ဆောင်ရွက် ထားရှိမှု၊  မြို့ဈေးတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်   နယ်စပ်ရေးရာဝန်ကြီးဌာနက  ဆောင်ရွက် လျက်ရှိသည့်   ခေါင်လန်ဖူးမြို့အဝင်ဆိုင်းဘုတ်နှင့် အလှပန်းခြံတည်ဆောက်နေမှု၊    မုခ်ဦးတည်ဆောက် ထားရှိမှုတို့ကို   ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 
                                       ပြည်နယ် (ပြန်/ဆက်)