
နေပြည်တော် ဇန်နဝါရီ ၂၉
ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများနှင့် လွတ်ကင်းသည့် နေရာများ သို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော်မြို့ပေါ် အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူ များကို နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီ ဖြစ်သည့် ၎င်းတို့၏ နေရာဒေသများ၌ ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ တိုက်ပွဲရှောင်ပြည်သူ ၅၅၅ ဦးတို့သည် ၎င်းတို့ နေရပ်အသီးသီးသို့ ထပ်မံပြန်လည်ဝင်ရောက်နေထိုင် ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် တိုက်ပွဲ ရှောင် ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူ များက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေ တည်ငြိမ် အေးချမ်းမှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်း တည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေး ကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်းသူ များနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်