ဝါရှင်တန်နဲ့ တီဟီရန်ကြား တိုက်ရိုက်နျူကလီးယားဆွေးနွေးပွဲ ပေါ်ပေါက်လာပါ့မလား

 

ထွန်းကျော်

 

၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှုကို ပြန်လည်ထိန်းသိမ်းဖို့ သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာမှာ ဆက်လက်ပြုလုပ်မယ့် သွယ်ဝိုက်ညှိနှိုင်းဆွေးနွေးမှုတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံအကြား သဘောကွဲလွဲတဲ့ အချက်တွေရှိနေသည့်တိုင် သဘောတူညီမှုနဲ့ပတ်သက်ပြီး နောက်ဆုံးတိုးတက်ဖြစ်ထွန်းမှုတွေဟာ နိုင်ငံတကာတွေ့ဆုံမှုမှာ အဓိကအဖွဲ့နှစ်ဖွဲ့အကြား တိုက်ရိုက်တွေ့ဆုံမှုတွေ ပြန်လည်ပေါ်ပေါက်လာဖို့ လမ်းခင်းပေးသလိုဖြစ်နေမှာလားဆိုတဲ့အချက်အပေါ် အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

 

အပြန်အလှန်ယိုးမယ်ဖွဲ့ 
အီရန်နိုင်ငံက  အမေရိကန်ပြည်ထောင်စုနဲ့      တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့     ဖြစ်နိုင်တယ် လို့     တနင်္လာနေ့က     စကားရိပ်သန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကလည်း အီရန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှုတွေလုပ်ဖို့   ဖြစ်နိုင်တယ်လို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက    တနင်္လာ နေ့နောက်ပိုင်းမှာ   အတည်ပြုပြောကြားခဲ့ပါတယ်။
ဗီယင်နာမှာ  လပေါင်းအတော်ကြာ  လိပ်ခဲတည်း လည်း  ဖြစ်နေတဲ့ သံတမန်ရေးဆိုင်ရာ ကြိုးစားအား ထုတ်မှုဟာ ဝါရှင်တန်နဲ့တီဟီရန်ကြား   ချောင်ပိတ်မိ နေတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် နည်းလမ်း တစ်ခု ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်  (ဂျေစီပီအိုအေ)  လို့  အရင်က သိခဲ့ ကြတဲ့     ၂၀၁၅  နျူကလီးယားသဘောတူညီမှုရဲ့ ကံကြမ္မာအပေါ်  တစ်ဖက်နဲ့တစ်ဖက်  အပြန်အလှန် ယိုးမယ်ဖွဲ့နေကြပါတယ်။ 
လျစ်လျူရှုသွားမှာမဟုတ် 
အီရန်နိုင်ငံခြားရေးဝန်ကြီး     ဟူစိန်အမီရ် အဗ္ဗဒူလာဟီယံက   အမေရိကန်နဲ့   ဆွေးနွေးတဲ့အခါ ကောင်းမွန်တဲ့ သဘောတူညီမှုရရှိဖို့ အခြေအနေကို ထည့်မတွက်ထားဘူးလို့  တနင်္လာနေ့က  ပြောလိုက် ပါတယ်။ 
သို့သော်လည်း အမေရိကန်တွေက အခါအား လျော်စွာ  အီရန်နဲ့  တိုက်ရိုက်ညှိနှိုင်းဆွေးနွေးဖို့ သတင်းစကားတွေ  ပေးပို့ခဲ့ပါတယ်။ မိမိတို့အနေနဲ့ အဲဒီအဆင့်ကို မရောက်သေးဘူးလို့  အမီရ်အဗ္ဗဒူလာ ဟီယံက    အီရန်အမျိုးသားညီလာခံမှာ ပြောကြား ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့     အပြန်အလှန် ဆွေးနွေးဖို့လိုအပ်တဲ့  ကောင်းမွန်တဲ့သဘောတူညီမှုဖြစ်ပေါ်လာမယ်ဆိုရင်တော့    မိမိတို့အနေနဲ့ လျစ်လျူရှုသွားမှာမဟုတ်ပါဘူးလို့ သူကဆက်ပြော လိုက်ပါတယ်။
အကျိုးရှိတဲ့ အခြေအနေတစ်ခုကို စောင့်ဆိုင်းနေ 
အမေရိကန်ဘက်ကလည်း ဂျေစီပီအိုအေညှိနှိုင်း ဆွေးနွေးမှုနဲ့  တခြားကိစ္စရပ်တွေအပေါ်  အီရန်နဲ့ တိုက်ရိုက်ပြောဆိုဆွေးနွေးနိုင်ဖို့  ပိုပြီးအကျိုးရှိသော အခြေအနေတစ်ခုကို   စောင့်ဆိုင်းနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့် ရှိသူက တနင်္လာနေ့က  ပြောကြားလိုက်ပါတယ်။ 
အခုချိန်အထိ    ဗီယင်နာညှိနှိုင်းဆွေးနွေးမှုမှာ အီရန်နဲ့  အမေရိကန်ပြည်ထောင်စုတို့ဟာ  တတိယ အဖွဲ့အစည်းမှတစ်ဆင့်    သူတို့ရဲ့    အမြင်တွေကို ဖလှယ်နေခဲ့ကြပါတယ်။ သို့သော်လည်း ပျော့ပျောင်း သင့်သလောက်  မပျော့ပျောင်းသေးဘူးလို့  တရုတ် နိုင်ငံ    ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာ    လေ့လာရေး အင်စတီကျုရဲ့     အရှေ့အလယ်ပိုင်းလေ့လာရေး ပါမောက္ခဖန်ဟွန်ဒါက ပြောကြားလိုက်ပါတယ်။ 
ကြားဖြတ်သဘောတူညီမှုတစ်ခုရဖို့   
မမျှော်လင့်ထားဘူး 
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန    ပြောရေး ဆိုခွင့်ရှိသူက   အီရန်နဲ့   ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေကြား ရှေ့ဆက်ရမယ့်  နျူကလီးယား  ဆွေးနွေး မှုမှာ ကြားဖြတ်သဘောတူညီမှုတစ်ခုရဖို့ မမျှော်လင့် ထားဘူးလို့ ပြောပါတယ်။ 
အီရန်နိုင်ငံက တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ သဘောတူညီမှုရဖို့ မျှော်လင့်ပါတယ်။ အဲဒါထက် လျော့တဲ့  ဘယ်လိုမျိုး  ညှိနှိုင်းမှုဖြစ်ဖြစ်  လက်မခံ နိုင်ပါဘူး။ သဘောတူညီမှုရဲ့  အရည်အသွေးတန်ဖိုးက မိမိတို့အတွက်    အရေးကြီးပါတယ်။   အဲဒီထက် ပိုလည်းပိုလို့မရသလို   လျော့လည်းလျော့လို့  မရပါ ဘူးလို့   ဆာအက်ခါတစ်ဇာဒါက  သူ့ရဲ့အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကြားဖြတ်သဘောတူညီမှုဟာ ဂျေစီပီအိုအေ 
ကတိကဝတ်ကို ရှောင်လွှဲဖို့ သင်္ကေတတစ်ခု
ရုရှားနိုင်ငံက ဖြစ်နိုင်တဲ့   ကြားဖြတ်နျူကလီးယားသဘောတူညီမှုတစ်ခုကို    ဆွေးနွေးခဲ့တယ်။   အဲဒီဆွေးနွေးမှုမှာ အီရန်အပေါ် ဆန့်ကျင်ချမှတ်ထား တဲ့  အရေးယူဒဏ်ခတ်မှုတွေကို     ကန့်သတ်ချက်နဲ့ ဖယ်ရှားပေးဖို့နဲ့   အီရန်နိုင်ငံရဲ့  နျူကလီးယားလှုပ် ရှားဆောင်ရွက်မှုတွေအပေါ် တိကျတဲ့ဆောင်ရွက် ချက်တွေ     ပြန်လည်ချမှတ်ဖို့    ပါဝင်တယ်လို့ အမေရိကန်မီဒီယာ   အင်န်ဘီစီသတင်းကွန်ရက် မှာဖော်ပြခဲ့ပြီးနောက်မှာ  ဆာအက်ခါတစ်ဇာဒါက အခုလိုမျိုး  တုံ့ပြန်ပြောကြားလိုက်တာ  ဖြစ်ပါတယ်။  
ကြားဖြတ်သဘောတူညီမှုဟာ   အမေရိကန် သမ္မတ  ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ရဲ့  ဂျေစီပီအိုအေ ကတိကဝတ်ကို  ရှောင်လွဲဖို့ သင်္ကေတတစ်ခုပါပဲ၊ တစ်ချိန်တည်းမှာပဲ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ကြွေးကြော်သံတွေရဲ့  မူဘောင်အတွင်းမှာ ရှိတဲ့ သိသာထင်ရှားတဲ့  အောင်မြင်မှုတစ်ခုကို ရရှိ ခဲ့တာပဲဖြစ်ပါတယ်လို့ အီရန်ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီနဲ့  နီးကပ်တဲ့   ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့    NOUR သတင်းဌာနက   အမေရိကန်သတင်း မီဒီယာဖြစ်တဲ့    အင်န်ဘီစီသတင်းကွန်ရက်မှာ ရေးသားဖော်ပြထားတာကို တုံ့ပြန်ဖော်ပြခဲ့ပါတယ်။
ပြတ်သားရမယ့်အချိန်ဖြစ်လာပြီ
ဗီယင်နာတွေ့ဆုံဆွေးနွေးမှု   အခြေအနေပေါ်  ဆာအက် ခါတစ်ဇာဒါကတနင်္လာနေ့က မှတ်ချက် ပြုဖော်ပြခဲ့ရာမှာတော့     တချို့နယ်ပယ်တွေမှာ ကောင်းမွန်တဲ့     တိုးတက်ဖြစ်ထွန်းမှုရှိခဲ့ပါတယ်။ ဗီယင်နာမှာရှိတဲ့ ပါတီတွေအားလုံးက အမေရိကန် ပြည်ထောင်စုအနေနဲ့    ဖြစ်နိုင်တဲ့သဘောတူညီမှု တွေကို        လျစ်လျူမရှုဖို့အရေးနဲ့ပတ်သက်ပြီး သဘောတူဖို့ပါပဲလို့ ပြောခဲ့ပါတယ်။ 
ဗီယင်နာဆွေးနွေးပွဲဟာ  ထင်သာမြင်သာရှိပြီး ပြတ်သားတဲ့ အခြေအနေတစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ နိုင်ငံရေးဆုံးဖြတ် ချက်ချရတော့မယ့်     အချိန်ဖြစ်ပါတယ်။   ညှိနှိုင်း ဆွေးနွေးမှုမအောင်မြင်ခဲ့ဘူးဆိုရင်  ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို   ဝါရှင်တန်အနေနဲ့   တာဝန်ယူ ရမယ်ဆိုပြီး အမေရိကန်ကို NOUR သတင်းဌာနက တိုက်တွန်းရေးသားထားတဲ့အတွက်   အမေရိကန် အနေနဲ့ ပြတ်သားရတော့မယ့်အချိန် အခိုက်အတန့် တစ်ခုဖြစ်လာခဲ့ပြီလို့   အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး    အန်တိုနီဘလင်ကန်ကတော့   မှတ်ချက်ပြု ပြောကြားထားပါတယ်။         ။
                         ကိုးကား - ဆင်ဟွာ၊ အေအက်ဖ်ပီ