ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံသို့လာရောက်ရန်ရှိ

 

လန်ဒန်  ဇန်နဝါရီ   ၂၉
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဂျပန်ဝန်ကြီးချုပ်  ကီရှီဒါဖူမီယိုနှင့်  တွေ့ဆုံဆွေးနွေးသွားရန် ဖေဖော်ဝါရီလလယ်ပိုင်း၌  ဂျပန်နိုင်ငံသို့လာရောက်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။ 
ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်အနေဖြင့်  ဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်မှစတင်ကာ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်  ကီရှီဒါနှင့် ဒုတိယအကြိမ်  လူချင်းတွေ့ဆုံခြင်း ဖြစ်မည်ဖြစ်သည်။
ကိုဗစ် -၁၉ တိုက်ဖျက်ရေးနှင့်  ကာဗွန်ကင်းစင်သည့်နယ်မြေတည်ထောင်ရေးအတွက် လိုအပ်သည့်အချက် များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။                                                     အင်န်အိတ်ချ်ကေ