
ဂါဇာ ဇန်နဝါရီ ၂၉
ဂါဇာကမ်းမြှောင် ဒေသတွင် ကိုဗစ် - ၁၉ မျိုးကွဲအိုမီခရွန်ကူးစက် မှုများ လျင်လျင်မြန်မြန် တိုးပွား လာသည့်အတွက် ခက်ခဲသည့် အခြေအနေကို ဖြတ်ကျော်နေရ ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တစ်ဦးက ပြောသည်။
မမျှော်လင့်ထားသည့် နှုန်း ထားဖြင့် ရောဂါကူးစက်မှု များပြားလာကြောင်း၊ ပါလက် စတိုင်း ကျန်းမာရေးဝန်ကြီးဌာန အကြံပေးတစ်ဦးဖြစ်သူ ဖာသီ အဘူဝါဒါက ပြောသည်။
ဆေးရုံတက်ရသူ လူနာ ၉၅ ဦးလျှင် ၆၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ အထူး ကြပ်မတ်ကုသဆောင်တွင် ကုသ မှုခံယူနေရသူ ဦးရေမှာလည်း ၅၆ ရာခိုင်နှုန်းရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ကိုဗစ် - ၁၉ ကူးစက်ခံရသူနှင့် ကိုဗစ် -၁၉ ရောဂါလက္ခဏာများ ခံစားရသူ များ ဆေးရုံတွင် ကုသမှုခံယူရန် လည်း အဘူဝါဒါက တောင်းဆိုခဲ့ သည်။ ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံများတွင် လူနာ ၄၈ ရာခိုင် နှုန်းမှာ အိုမီခရွန်ကူးစက်ခံရသူ များဖြစ်သည်။ ပါလက်စတိုင်း နယ်မြေများတွင် လက်ရှိ ရာသီ ဥတုအေးလာခြင်းနှင့် ဂါဇာကမ်း မြှောင်ဒေသတွင် တစ်နေ့လျှင် ၁၂နာရီကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အပူပေး စနစ်ကိုထိခိုက်ပြီး ဗိုင်းရပ်စ် ပိုမိုပျံ့နှံ့လာရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဂါဇာ ကမ်းမြှောင်ဒေသတွင် လူဦးရေ ၃၀ ရာခိုင်နှုန်းသာ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးရသေးသည်။ ထို့ကြောင့် ပြည်သူများကာကွယ် ဆေးထိုးကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ ဆင်ဟွာ