နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ 
ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ကြည့်ရှုအားပေး

 

နေပြည်တော်   ဇန်နဝါရီ    ၂၉


(၃၁)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ရန်    စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ    ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံ ၌   ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်    တက်ရောက်ကြည့်ရှုအားပေး သည်။


အဆိုပါသရုပ်ပြပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး     စိုးဝင်း၊     ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊   ဒေါ်အေးနုစိန်၊    Jeng  Phang နော်တောင်၊     ဦးမောင်းဟာ၊   စောဒန်နီယယ်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်   ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။


ဦးစွာ   (၃၁) ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့   ဝင်ရောက်ယှဉ်ပြိုင်ရန်   စခန်း သွင်း  လေ့ကျင့်လျက်ရှိသည့်    မြန်မာ့လက်ရွေးစင် အားကစားသမားများက အားကစားအမျိုးအစား  တစ်ခုချင်းစီ  အဖွဲ့လိုက်မိတ်ဆက်ကြပြီး    ဗိုဗီနမ် အားကစားအသင်း၊ ဂျူဒိုအားကစားအသင်း၊ တိုက်ကွမ် ဒို အားကစားအသင်း၊     ပိုက်ကျော်ခြင်းအားကစား အသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က အားကစားအမျိုးအစားအလိုက် အားကစားစွမ်းရည် များ သရုပ်ပြသကြသည်။


ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားသမား များကို   အမှာစကားပြောကြားရာတွင်  အားကစား ဆိုသည်မှာ       နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊     ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ ကိုယ်စားပြသခြင်းပင်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ တွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လိုသကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း  စိတ်ဓာတ်ကောင်းမွန်ရန် နှင့်    မိမိတို့၏တစ်ဦးချင်း    ဉာဏ်ရည်ကိုအသုံးချ၍ ယှဉ်ပြိုင်ဆောင်ရွက်ရန်လိုကြောင်း၊   တစ်ဦးချင်း ကစားသည့်ပွဲများတွင်   ပြိုင်ဘက်ကစားသမား၏ အားနည်းချက်ကို    မိမိ၏အားသာချက်နှင့်   အနိုင် ရရှိအောင် ဉာဏ်ကိုသုံး၍ ကစားရခြင်းဖြစ်သကဲ့သို့ အသင်းလိုက်ယှဉ်ပြိုင်သည့် ကစားပွဲများတွင်လည်း ကစားကွက်များဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်ရန် လိုအပ်သကဲ့သို့ ကစားသမားတစ်ဦးချင်း    ကြံ့ခိုင်မှု ရှိရန်လည်း လိုအပ်ကြောင်း။


ကြိုးစားအားထုတ်လေ့ကျင့်


မိမိတို့နိုင်ငံအနေဖြင့်      ရှေးယခင်ကတည်းက အားကစားနှင့်ပတ်သက်၍      အားပေးဆောင်ရွက် ခဲ့သော်လည်း ယခုအခါ မြန်မာ့လက်ရွေးစင်အားကစား အသင်းများအနေဖြင့် မျှော်မှန်းသလောက် အောင်မြင် မှု မရရှိသည်ကို  တွေ့ရကြောင်း၊    ထိုသို့ အောင်မြင်မှု မရရှိခြင်းမှာ အားကစားသမားများသာမက တာဝန်ရှိ သည့် နိုင်ငံတော်အဆင့်တွင်လည်း လိုအပ်ချက်များ ရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ အားကစားပြိုင်ပွဲ များတွင်    အနိုင်ရရှိရန်အတွက် အားကစားသမားများ အနေဖြင့် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊   အထူး သဖြင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်သည့် နိုင်ငံ့လက်ရွေး စင် အားကစားသမားများအနေဖြင့်  နိုင်ငံ့ကိုယ်စား ယှဉ်ပြိုင်မှု ပြုလုပ်ရာတွင်   ပထမရရှိသည့်အသင်း၏   နိုင်ငံအလံများကို အလေးပြုရကြောင်း၊ ထိုသို့အလေး ပြုချိန်တွင် မိမိတို့နိုင်ငံအလံဖြစ်ရန်လိုပြီး   မိမိတို့ကို  ဂုဏ်ပြုခံရသည့် အသိအမှတ်ပြုခံရသည့်   ချီးမြှင့် ခံရခြင်းမျိုး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်   မိမိတို့အတွက်   ရရှိသည့်အချိန်အတွင်း   ကြိုးစား အားထုတ်လေ့ကျင့်၍ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ကြရန်    နိုင်ငံ့လက်ရွေးစင်အားကစား သမားများကို  တိုက်တွန်းပြောကြားလိုကြောင်း။


အလားတူ     အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊    စည်းကမ်း   ကောင်းမွန်ရန်လိုကြောင်း၊ လေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင်လည်းစိတ်ဓာတ် နှင့်   စည်းကမ်းကို   အခြေခံ၍      လေ့ကျင့်ရေးများ ကို    စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊   ထိုသို့ ဆောင်ရွက်ပါက အောင်မြင်မှုအတွက် အလှမ်းမဝေး သည့်အခြေအနေသို့     ရောက်ရှိမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ထားပြီး ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ် ကြောင်း၊    အားကစားပြိုင်ပွဲများနှင့်   ပတ်သက်၍ ပြင်ဆင်ချိန်နှင့် ယှဉ်ပြိုင်ချိန်များတွင် လိုအပ်သည် များကို    ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊  ယနေ့ပြုလုပ်သည့်  သရုပ်ပြသမှုများတွင် ကြိုးစားအားထုတ်မှုများကို     တွေ့မြင်ရကြောင်း၊ အဆိုပါကြိုးစားအားထုတ်မှုများကို     ဆက်လက် ကြိုးပမ်းဆောင်ရွက်၍    တိုးတက်မှုများရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအနေဖြင့် ကျန်းမာရေးမှအစ အစစအရာရာ   ဂရုပြုကြရန်လိုကြောင်း၊   လက်ရှိ ဖြစ်ပွားနေသည့်  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ ကူးစက်မှုများမရှိအောင် ဂရုတစိုက်ဖြင့် နေထိုင်၊ လုပ်ကိုင်ဆောင်ရွက်သွားကြရန်   မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။


ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်        စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်  အားကစားသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ပြီး   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ပြခန်းအား သွားရောက်ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များ သည်   မြန်မာ့အားကစားလှုပ်ရှားမှုများ   ပြခန်းအား သွားရောက်ကြည့်ရှုရာ နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ် ဆုရှင် အားကစားသမားများဖြစ်ကြသည့် ဗိုလ်ကြီး တင်အောင်(အငြိမ်းစား)၊  ဒေါ်သန်းသန်း၊  ဒေါ်မာမာ မင်း၊ ဒေါ်နုနုရည်နှင့် ဒေါ်ခင်မူမူတို့က ကြိုဆိုနှုတ်ဆက် ကြသည်။


လှည့်လည်ကြည့်ရှု


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များ သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် မြန်မာ့အားကစားလှုပ်ရှား ဆောင်ရွက်မှု များ   ပြခန်း၊     မြန်မာ့အားကစားမော်ကွန်းခန်းမ အတွင်းရှိ အာရှနှင့်အရှေ့တောင်အာရှ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ၏ ပုံတူရုပ်တုများ နှင့်   ဓာတ်ပုံများ၊   အားကစားပြတိုက်   (စိတ်ဓာတ် မြှင့်တင်ရေးခန်းမ) အတွင်းရှိ     ခေတ်အဆက်ဆက် မြန်မာ့ဂုဏ်ဆောင်  အားကစားသမားများ၏  ဆုရရှိ ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ဆုတံဆိပ်များနှင့် (၂၇)ကြိမ် မြောက်        အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်းတို့ကို လှည့်လည်ကြည့်ရှု ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အားကစားကဏ္ဍ      မြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်များတွင် အဆင့်မီဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊     တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ  အားကစားပွဲများ   ပြုလုပ်နိုင်ရန် အတွက်    အားကစားကွင်းများ    စနစ်တကျဖြင့် တည်ဆောက်ပေးရန်လိုကြောင်း၊  အားကစားသမား များ    နည်းစနစ်မှန်ကန်စွာဖြင့်    လေ့ကျင့်နိုင်ရေး နည်းစနစ်ဆိုင်ရာနည်းပြများနှင့် ကြံ့ခိုင်ရေးဆိုင်ရာ နည်းပြများ     လိုအပ်ကြောင်း၊    နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေး အတွက် နိုင်ငံတော်မှ   ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းမှာကြားပြီး အခြားလိုအပ်သည် များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။


မှတ်တမ်းတင် လက်မှတ်ရေးထိုး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင်  မှတ်တမ်းတင်   လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။                            
   

သတင်းစဉ်