လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် နှစ်ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ တို့ကို လောင်းကြေးငွေကျပ်သိန်း၂၄၉၀၊ ဆက်စပ်ပစ္စည်းများနှင့်အ

နေပြည်တော်   ဇန်နဝါရီ   ၂၇


ရန်ကုန်        တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် မြန်မာတော်ဝင်      ကျောက်စိမ်း စင်တာကုမ္ပဏီ၌ လောင်းကစား ဝိုင်း           ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် နှစ်ဦး၊ ဝန်ထမ်း ၉၆ ဦး၊                လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ တို့ကို လောင်းကြေးငွေကျပ်သိန်း ၂၄၉၀၊ ဆက်စပ်ပစ္စည်းများ          နှင့်အတူ ဇန်နဝါရီ ၂၅ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီ  ၂၅ ရက် ည   ၉  နာရီက    လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်             ညောင် ကျေးရွာ     ပန်းလှိုင်ဂေါက်ကွင်း လမ်း   အမှတ်(၁၅၄)ရှိ   မြန်မာ တော်ဝင်      ကျောက်စိမ်းစင်တာ ကုမ္ပဏီ၌  လောင်းကစားဝိုင်းပြုလုပ်နေကြောင်း          သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များ    ပါဝင် သောပူးပေါင်းအဖွဲ့က    သွားရောက် ဖမ်းဆီးခဲ့ရာ   “မြန်မာတော်ဝင်” ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစား            လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ပိုင်ရှိင်များဖြစ်သည့် လားရှိုးမြို့ (၁၂)ရပ်ကွက်နေ သိန်းအောင် ၄၂ နှစ်နှင့် အောင်နိုင်ဝင်း ၄၃ နှစ်တို့ နှစ်ဦး၊ အဆိုပါကုမ္ပဏီရှိ လောင်း ကစားလုပ်ငန်းများတွင် လုပ်ကိုင် နေသည့် အမျိုးသားဝန်ထမ်း ၄၅ ဦး၊ အမျိုးသမီး ၅၁ ဦး ပေါင်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၁၀ ဦး ပေါင်း ၆၂ ဦး စုစုပေါင်း ၁၆၀ တို့ကို  ကာစီနိုစားပွဲဝိုင်း  ၁၅ လုံး၊ ဖင်ထိုင်ခုံ  ၇၅ လုံး၊  ဖဲချပ်မျိုးစုံ ၁၅၈၇ ချပ်၊ ငါးမန်းလောင်းကစားခုံ ခုနစ် ခုံ၊  မာကျောက်လောင်းကစား ကိရိယာ    ခြောက်စုံ၊ အန်စာတုံး ၁၀ လုံး၊ အန်စာတုံးခေါက်ရာတွင် အသုံးပြုသည့်ပစ္စည်း           ငါးစုံ၊ ဂဏန်းပေါင်းစက်   ၁၅  လုံး၊ ငွေတန်ဖိုးများ ရေးသားထားသော တုံကင်ပြား ၁၅၀၀၊   ကွန်ပျူတာ မော်နီတာ  ခုနစ်လုံး၊ ငွေရေစက် (အကြီး)တစ်လုံး၊       ငွေရေစက် (အသေး) တစ်လုံး၊ လောင်းကြေး ငွေ စုစုပေါင်းငွေကျပ်သိန်း ၂၄၉၀၊  အခြား         ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 


ထိုသို့     ကျောက်စိမ်းစင်တာ ကုမ္ပဏီအမည်ခံကာ လောင်းကစား ခြင်းများ                  လုပ်ကိုင်ခဲ့သည့်  သိန်းအောင်နှင့် အောင်နိုင်ဝင်းပါ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိသူ ၁၆၀ တို့ကို    လှိုင်သာယာ  (အရှေ့ပိုင်း)မြို့မရဲစခန်း              (ပ)၉၈/၂၀၂၂၊ လောင်းကစား                      ဥပဒေပုဒ်မ ၁၈(က)/၁၉ (က)ဖြင့်     အမှုဖွင့် အရေးယူထားကြောင်း     သိရ သည်။


သတင်းစဉ်