
ဂျကာတာ ဇန်နဝါရီ ၂၇
အင်ဒိုနီးရှားနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၇၀၁၀ ထပ်မံတွေ့ရှိရပြီး ယခုတွေ့ရှိရသော တစ်ရက် အတွင်း ရောဂါကူးစက်သူ အရေအတွက်သည် ယမန်နှစ် စက်တင်ဘာ ၈ ရက်မှစတင်၍ တစ်ရက်အတွင်း ရောဂါကူးစက် ခံရသူ အရေအတွက် အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၄၃၀၉၂၇၀ ရှိပြီး အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက် ခံရသူ ၁၇၆၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တာဝန် ရှိသူတစ်ဦးဖြစ်သည့် ဆီတီနာဒီယာတာမီဇီက ပြောကြားသည်။ ယခုကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများအနက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၁၀၆၆ ဦးရှိပြီး ပြည်တွင်း၌ ရောဂါ ကူးစက်ခံရသူ ၄၄၉ ဦးရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၄၂၆၁ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၁၂၉၃၀၅ ဦးရှိသည်။
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက် နေရာ လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးစီးသူ ၁၈၂ ဒသမ ၅ သန်းကျော် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူ ၁၂၅ ဒသမ ၆၇ သန်းကျော်ရှိသည်။ နိုင်ငံအတွင်းရှိလူဦးရေ ၂၀၈ ဒသမ ၂၆ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ရာ၌(တတိယအကြိမ်အပိုဆောင်းထိုးနှံမှု အပါအဝင်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၀၉ ဒသမ ၅၄ သန်းကျော်အား အသုံးပြုခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ