အာရပ်စော်ဘွားများပြည်ထောင်စုက ဂါဇာကမ်းမြှောင်ဒေသသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်း ပေးပို့ခဲ့

ဂါဇာ   ဇန်နဝါရီ   ၂၇


အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သည် ဇန်နဝါရီ ၂၆ ရက်တွင် ရာဖာနယ်စပ်ဒေသကို ဖြတ်ကျော်ကာ ဂါဇာကမ်းမြှောင်ဒေသသို့ Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ တစ်သန်း ပေးပို့ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးပေးပို့မှုသည် ဂါဇာကမ်းမြှောင်ဒေသို့ ပေးပို့ခဲ့သည့် ကာကွယ်ဆေးများအနက် အများဆုံးဖြစ်ကြောင်း၊ ယင်းကာကွယ်ဆေးများက လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကိုတိုက်ဖျက်ရာတွင် အကူ အညီ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ဂါဇာကမ်းမြှောင်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာမြင့်တက်ခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူ   မာမွတ်ဟမ်မက်က  သတင်းထောက်များအား ပြောကြားသည်။


ဂါဇာကမ်းမြှောင်ဒေသတွင် ၂၀၂၀ ပြည့်နှစ်  မတ်လက ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့်  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၇၅၀   ရှိကြောင်း   အနောက်ဘက်ကမ်းရှိ  ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသနှစ်ခုစလုံးတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၉၀၅ ဦးရှိကြောင်း၊ လက်ရှိတွင် လူဦးရေ သန်းဝက်ခန့်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်းနှင့် အဆိုပါရောဂါဖြင့်သေဆုံးသူပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်