
နေပြည်တော် ဇန်နဝါရီ ၂၇
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူ များ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သော နေရာများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ခွဲစိတ်ကုသပေးနိုင်ခဲ့
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သား များနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများ ကိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ယနေ့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး လူနာနှစ်ဦးကို အောင်မြင် စွာ အစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် လာရောက်သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ခဲ့သည့် ကျောက်ကပ်ပျက်စီးသည့် ဝေဒနာရှင် လူနာများကို ကျောက်ကပ်အစားထိုးခွဲစိတ်ကုသပေး နိုင်ရေး လမ်းညွှန်ချက်အရ အကြောင်းအမျိုးမျိုး ကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာများ အတွက် ကျောက်ကပ်ဆေးသည့် ဆေးကုသမှုအပြင် ကျောက်ကပ်အစားထိုးကုသမှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံမှ တပ်မှူး ဗိုလ်မှူးချုပ်စောရန်နိုင် ဦးဆောင်သည့် ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ပါရဂူများ၊ ဗိုလ်မှူးကြီး ဒေါ်ခင်ဖြူပြာ ဦးဆောင်သည့် ကျောက်ကပ်ကု သမားတော်များ၊ ဗိုလ်မှူးကြီးဒေါ်ယုအေးလတ် ဦးဆောင်သည့် မေ့ဆေးပါရဂူများနှင့် ကျွမ်းကျင် သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားထိုး ခွဲစိတ်ကုသပေးရာတွင် ကျောက်ကပ်လှူဒါန်းသူ တစ်ဦးကို ခေတ်မီနည်းစနစ်ဖြစ်သော ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ် ကုသခြင်း (Laparoscopic Donor Nephrectomy) ဖြင့် ခွဲစိတ်ကုသပေးခဲ့သဖြင့် ကျောက်ကပ်လှူဒါန်းသူ မှာ နာကျင်မှုသက်သာကာ ပိုမိုမြန်ဆန်စွာ သက်သာ ပျောက်ကင်းနိုင်ကြောင်း သိရသည်။
တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်အစား ထိုးခွဲစိတ်ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင်ခွဲစိတ် ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီးသည့် လူနာ ၃၀၈ ဦးကို အောင်မြင်စွာ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်