နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကာကွယ်ဆေးနှင့် အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော Covaxin ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံလျက်ရှိ

 

ရန်ကုန် ဇန်နဝါရီ   ၂၇


ရုရှားသမ္မတနိုင်ငံမှ    နှစ်နိုင်ငံ ချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ      ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၉ ရက်မှစတင်ထိုးနှံခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ    စုစုပေါင်း လူဦးရေ ၁၂၄၇၄၇  ဦးကို   ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။ 

 


 ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့်  ကာကွယ်ဆေး ဖြစ်သည့်အတွက်      ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးလွှမ်းခြုံမှု ကို အချိန်တိုအတွင်း       မြင့်မားစွာ ရရှိစေနိုင်၍ ၎င်းကာကွယ်ဆေးကို အလှည့်ကျထိုးနှံခွင့်ရရှိသူ    မိဘ ပြည်သူများအနေဖြင့်    မပျက် မကွက်ထိုးနှံမှု     ခံယူသင့်သည့် ကာကွယ်ဆေးဖြစ်သည်။ အဆိုပါ Sputnik Light ကာကွယ်ဆေးများ ထိုးနှံပေးခြင်းအနေဖြင့် အအေး လမ်းကြောင်းမပြတ် သယ်ယူ ပို့ဆောင်၍ ကာကွယ်ဆေးထိုးနှံ ရန် သင့်လျော်သည့်   တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ ကာကွယ် ဆေးလွှမ်းခြုံမှု   နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်သည်။ 

 


အိန္ဒိယနိုင်ငံအစိုးရမှလှူဒါန်းထားသော Covaxin   ကာကွယ် ဆေးများကို     မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့နယ်များဖြစ် သော   စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ခန္တီး၊  ဟုမ္မလင်း၊  လေရှီး၊ လဟယ်၊   နန်းယွန်းမြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်    ကျန်ရှိနေသော အသက် (၁၈) နှစ်နှင့် ပြည်သူလူထု များအား ဇန်နဝါရီ    ၂၀   ရက်မှ ၂၆ ရက်အထိ စုစုပေါင်းလူဦးရေ ၂၅၀၀၀ အား    ထိုးနှံပေးနိုင်ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို လည်း ဆက်လက်၍  ဆောင်ရွက် လျက်ရှိသည်။

 


ကျန်းမာရေးဝန်ကြီး   ဌာန သည်    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အားသွန် ခွန်စိုက်    ကျယ်ပြန့်စွာထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့်   ၂၀၂၂   ခုနှစ် ဇန်နဝါရီ ၂၅  ရက်အထိ လူဦးရေ ၁၈ ဒသမ ၄ သန်းကျော်ကို အကြိမ် ပြည့်ထိုးနှံပေးခဲ့၍ ၃ ဒသမ  ၄ သန်းကျော်ကို တစ်ကြိမ်    ထိုးနှံ ပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    တစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူ ၂၁ ဒသမ ၈ သန်း ကျော်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း  ၄၀ ဒသမ ၂၅  သန်း doses ကို ထိုးနှံပြီးဖြစ်သည်။

 


မိဘပြည်သူများအနေဖြင့် မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူ ခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ  အနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင်    နီးစပ်ရာ ကာကွယ်ဆေးထိုး    စုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ တွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်    တိုက်တွန်း နှိုးဆော်အပ်ပါသည်။

သတင်းစဉ်