အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (သင်ကြား/စီမံ၊ စာသင်သား) သံဃာတော်နှင့်သီလရှင် ၁၂၈ ပါး Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ရန်ကုန်  ဇန်နဝါရီ   ၂၇


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး ကိုးပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော် ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် ၂၄၉ ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။

 


ထို့အတူ  ယနေ့  မွန်းတည့်   ၁၂  နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သား သံဃာတော်နှင့်သီလရှင် ၁၂၈ ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရ သည်။ 


သတင်းစဉ်