ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်း စုပေါင်းတံခွန်စိုက်ဆုဆွတ်ခူး

 

နေပြည်တော်   ဇန်နဝါရီ   ၂၇


မြန်မာ့အားကစားအဆင့်အတန်း   တိုးတက်မြင့်မားစေရန်ရည်ရွယ်၍      ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက်  ပြေးခုန်ပစ်ပြိုင်ပွဲများကို  ယနေ့နံနက် ၆ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 


ယနေ့တွင်  ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်  သုံးဆင့်ခုန် (အမျိုးသမီး)၊ လှံတံပစ် (အမျိုးသား)၊  သံလုံးပစ် (အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)၊  မီတာ (၁၀၀) တန်းကျော် (အမျိုးသမီး)၊  မီတာ (၁၁၀) တန်းကျော် (အမျိုးသား)၊  မီတာ (၁၀၀) (အမျိုးသား/အမျိုးသမီး)  အပြေး၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား/ အမျိုးသမီး)၊     မီတာ (၄၀၀x၄)     လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ   ဆက်လက် ကျင်းပသည်။

 


ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ (အမျိုးသမီး) သုံးဆင့်ခုန်ပြိုင်ပွဲ၊  (အမျိုးသား) လှံတံ ပစ်ပြိုင်ပွဲ၊ (အမျိုးသမီး)  သံလုံးပစ်ပြိုင်ပွဲ၊ (အမျိုးသမီး) မီတာ(၁၀၀)  တန်းကျော်ပြေးပြိုင်ပွဲ၊    (အမျိုးသား) မီတာ(၁၁၀) တန်းကျော်ပြေးပြိုင်ပွဲများတွင် ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ  ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ   တာဝန်ရှိသူများ၊   ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများက  တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 


(အမျိုးသမီး)   မီတာ(၁၀၀)    အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် (အမျိုးသား/ အမျိုးသမီး) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းနှင့်  တတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို  အားကစားနှင့်ကာယ ပညာဦးစီးဌာန တာဝန်ရှိသူများကလည်းကောင်း။  

 


(အမျိုးသား)   မီတာ(၁၀၀)   အပြေးပြိုင်ပွဲ၊ (အမျိုးသား) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ၊  ဒုတိယ၊ တတိယဆုရရှိသူများကို     အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန     ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက လည်းကောင်း။ 

 


(အမျိုးသမီး)   မီတာ(၄၀၀x၄)   လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော   တနင်္သာရီတိုင်း ဒေသကြီးအသင်း၊   ဒုတိယဆုရရှိသွားသော ရှမ်း ပြည်နယ်အသင်း၊ တတိယဆု ရရှိသွားသော စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က လည်းကောင်း။ 

 


(အမျိုးသား) မီတာ(၄၀၀x၄)   လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော  စစ်ကိုင်းတိုင်းဒေသ ကြီးအသင်း၊ ဒုတိယဆုရရှိသွားသော တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ တတိယ ဆုရရှိသွားသော ရန်ကုန် တိုင်းဒေသကြီးအသင်းတို့ကို အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန    ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်က လည်းကောင်း။

 


ရွှေ (၁၂)ခု၊  ငွေ (၅)ခု၊ ကြေး (၃)ခုဖြင့် (အမျိုးသမီး) တံခွန်စိုက်ဆု ရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီး အသင်း၊   ရွှေ (၁၀)ခု၊   ငွေ (၁)ခု၊   ကြေး (၁)ခုဖြင့် (အမျိုးသား) တံခွန်စိုက်ဆု ရရှိသွားသော  တနင်္သာရီ တိုင်းဒေသကြီးအသင်း၊   ရွှေ (၂၂)ခု၊ ငွေ (၆)ခု၊ ကြေး (၄)ခုဖြင့်   စုပေါင်းတံခွန်စိုက်ဆု  ရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း  ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်