ဂျပန်နိုင်ငံတွင် မှတ်တမ်းတင်ရလောက်သည်အထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု နှစ်ရက်ဆက်တိုက် များပြားလာ

 

တိုကျို   ဇန်နဝါရီ   ၂၆ 


ဂျပန်နိုင်ငံတွင်      မှတ်တမ်းတင်ရ လောက်သည်အထိ        နေ့စဉ်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား  မှုများ နှစ်ရက်ဆက်တိုက် များပြား လာကြောင်း     ဂျပန်ကျန်းမာရေး အရာရှိများက    ပြောကြားလိုက် သည်။ 

 


နိုင်ငံအတွင်း  နေ့စဉ်  ကိုဗစ်- ၁၉  ထပ်မံကူးစက်ဖြစ်ပွားမှုသည်   ပထမဆုံး ၇၀၀၀၀ ကျော်ခဲ့သည်။ ၄၇၀ ဦးမှာ ပြင်းထန်သော အခြေ အနေရှိပြီး ဇန်နဝါရီ ၂၅ ရက်ထက်  ၂၆   ဦး  တိုးလာခဲ့သည်။ တိုကျို အပါအဝင်    ဂျပန်နိုင်ငံ၏   ခရိုင် ၄၇ ခု၏ သုံးပုံပုံ နှစ်ပုံခန့်သည်  နေ့စဉ် ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွား မှု    မှတ်တမ်းတင်ရလောက်သည် အထိ များပြားလာခဲ့သည်။ 

 


မြို့တော်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သောသီတင်း ပတ်အလားတူရက်ထက် နှစ်ဆ နီးပါးမြင့်တက်လာခဲ့သည်။ အစိုးရ သည်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကိုလျှော့ချရန် ၎င်း၏တစ်စိတ် တစ်ပိုင်း အရေးပေါ်ကန့်သတ်ချက် ကာလကို ထပ်မံတိုးလိုက်ချိန်တွင် ယခုလိုကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှု မြင့်တက်သည့် အခြေအနေနှင့်  ကြုံတွေ့နေရခြင်း     ဖြစ်သည်။   ကန့်သတ်ချက်သည်   ၁၈    ခရိုင် ကို   ဖေဖော်ဝါရီ  ၂၀  ရက်အထိ လွှမ်းခြုံ      ဖြန့်ကြက်သွားမည် ဖြစ်သည်။  

 
အင်န်အိတ်ချ်ကေ