ထိုင်းနှင့်ဆော်ဒီတို့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပေါင်းစည်းရန် သဘောတူ

 

ဗန်ကောက်   ဇန်နဝါရီ   ၂၆ 


ထိုင်းဝန်ကြီးချုပ်၏    ရီယာ့ဒ်သို့ ဇန်နဝါရီ   ၂၅   ရက်    နိုင်ငံတော် ခရီးစဉ်အတွင်း ထိုင်းနှင့် ဆော်ဒီ အာရေဗျတို့      နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ပြန်ပေါင်းစည်းရန် သဘောတူခဲ့သည်။

 


ဆော်ဒီနန်းတော်မှ      ထိုင်း အလုပ်သမားတစ်ဦးက  ကျောက် မျက်ရတနာများ    ခိုးယူမှုဖြစ်ပွား ခဲ့ချိန် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်အချိန်ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးသည်       မပြေလည် မှုများ     ရှိခဲ့သည်။      နှစ်နိုင်ငံ   ခေါင်းဆောင်များကြား       ဆယ် စုနှစ်များအတွင်း ယခုလိုအဆင့် မြင့်အစည်းအဝေး ကျင်းပခဲ့ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်။

 


ဝန်ကြီးချုပ်     ပရာယွတ်ချန် အိုချာသည်     တော်ဝင်အိမ်ရှေ့ မင်းသား မိုဟာမက် ဘင်ဆယ်လ် မင်န်နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အဖွဲ့များသည်  ၎င်းတို့၏  အမြင် မတူကွဲပြားမှုများကို ဖြေရှင်းရန်  သဘောတူခဲ့သည်။ သံအမတ်ကြီး များ    စေလွှတ်ထားရှိပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ပြန်လည်  ထိန်းသိမ်းရန်လည်း  သဘောတူ ခဲ့ကြသည်။ 

 


ဆော်ဒီ   ထုတ်ပြန်ချက်တွင် ၎င်းတို့သည်     စွမ်းအင်အရင်း အမြစ်များအပါအဝင် စီးပွားရေး ဆိုင်ရာ     ပူးပေါင်းဆောင်ရွက် မှုများကို     တိုးချဲ့သွားမည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီ အာရေဗျအမျိုးသား လေကြောင်း  လိုင်းသည်            နှစ်နိုင်ငံကြား တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲ မှုကို မေလတွင် စတင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 


ခရီးသွားကဏ္ဍ အကျိုးအမြတ် ရရှိတော့မည်     ဖြစ်ကြောင်းနှင့် ထိုင်းလူမျိုးများ    ဆော်ဒီတွင် နောက်တစ်ကြိမ်    အလုပ်သွား လုပ်နိုင်တော့မည်      ဖြစ်သည်။ ၁၉၈၉    ခုနှစ်က   ကျောက်မျက် ရတနာများ       ခိုးယူခံရပြီးနောက် ဆော်ဒီအာရေဗျသည်    နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်   အထင်အမြင် သေးခဲ့သည်။    ထိုင်းမီဒီယာက အချို့ကို  မူလနိုင်ငံသို့  ပြန်လည် ပေးပို့ပြီးဖြစ်ကြောင်း      ဖော်ပြ ခဲ့သည်။ 

 


သို့သော်လည်း    ရီယာ့ဒ်က အများစုမှာ     အတုများဖြစ်ပြီး ရှားပါးလှသည့်    ၅၀   ကရက်ရှိ စိန်တစ်လုံးမှာ  ယခုအချိန်အထိ ပျောက်ဆုံးနေဆဲ    ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏    အဆိုပါအရေး ဖြေရှင်းမှုများကို ဆော်ဒီအနေဖြင့် အားရကျေနပ်ကြောင်း   ဖော်ပြ ခဲ့သည်။           


အင်န်အိတ်ချ်ကေ