အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်မခံနိုင်သည့် ပြည်သူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့များကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်

 

နေပြည်တော် ဇန်နဝါရီ   ၂၆


NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြ သော ပြည်သူများကို   အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်           သက်ဆိုင်သောနေရာများ၌ မိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်း၊  ပုံစံမျိုးစုံဖြင့်    သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ် ဆောင်လျက်ရှိသည်။

 


ထိုသို့သော အကြမ်းဖက်သမားများ၏ အကြမ်း ဖက်လုပ်ရပ်များကို လက်မခံနိုင်သော အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများက  ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ     ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်      မြန်မာ့ တပ်မတော်အားထောက်ခံပွဲကိုယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး   ထားဝယ်မြို့၌ ပြုလုပ်ကြပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

 


ထိုသို့ဆန္ဒဖော်ထုတ်ရာတွင်   “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ မြန်မာ့ တပ်မတော်အားထောက်ခံပါသည်၊   တပ်မတော် သဘောထား ဒို့အလေးထား၊ တပ်မတော်နှင့်အတူ ရပ်တည်မည်၊ မြန်မာ့တပ်မတော်သည်    ပြည်သူ့ တပ်မတော်အမှန်ဖြစ်သည်၊    တိုင်းပြည်အေးချမ်း သာယာဖို့ တပ်မတော်ကိုထောက်ခံကြပါစို့၊ NUG၊ CRPH၊ PDF အမည်ခံ   အကြမ်းဖက်အဖွဲ့များအား တိုက်ဖျက်ကြ၊ မြန်မာ့တပ်မတော်သည် ပြည်ထောင်စု ဖွားတိုင်းရင်းသားများအားလုံး စုပေါင်းပါဝင်သောတပ်မတော်ဖြစ်သည်၊ ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုး မြင်များအား အလိုမရှိ”  စသည့် စာသားပါ ဆိုင်းဘုတ် များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။

 


NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏  အကြမ်းဖက်လုပ်ရပ်များအပေါ်  ရွံရှာ စက်ဆုပ်ကြသည့် ပြည်သူလူထုက အကြမ်းဖက်အဖွဲ့ များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို   ဆက်လက်ဆောင်ရွက်သွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။        

 

သတင်းစဉ်