လူငယ်နှင့်စာပေပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

 

နေပြည်တော်    ဇန်နဝါရီ    ၂၆


“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့  အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  လူငယ်နှင့်စာပေပွဲတော်ကို  ပြန်ကြားရေး ဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့     ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့်   နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး၌     ဇန်နဝါရီ ၂၉  ရက်မှ   ၃၁ ရက်အထိ  စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပတော့မည် ဖြစ်သည်။ 

 


အဆိုပါပွဲတော်ကြီး၌    မြန်မာနိုင်ငံ ၏ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များနှင့်  ကလေးများ ဉာဏ်ရည် ဉာဏ်သွေးနှင့်  အသိပညာဖွံ့ဖြိုးတိုးတက် စေရန်အတွက်        စာအုပ်စာပေများ၊ သမိုင်းဝင်စာချုပ် စာတမ်းများ၊ မှတ်တမ်း များ      ခင်းကျင်းပြသခြင်း၊     အားကစား လှုပ်ရှားဆောင်ရွက်မှုပြခန်းများ ဖွင့်လှစ် ပြသခြင်း၊ သိပ္ပံနှင့် နည်းပညာပြခန်းများ     ပြသခြင်းနှင့်        အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် မည့် အားကစားသမားများ၏ လေ့ကျင့် နေမှုများနှင့် အားကစားကဏ္ဍ၏ အရေးပါ ပုံများကို ပြသမည့်အပြင် မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များအသင်း၏ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသ ခြင်းကိုလည်း ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။ 

 


ထို့ပြင် လူငယ်နှင့်စာပေပွဲတော်ကြီး အောင်မြင်စွာ      ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊    ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊          ပို့ဆောင်ရေးဝန်ကြီးဌာန၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ ကလည်း   မိမိတို့   တာဝန်ယူထားသည့် ကဏ္ဍအလိုက်     အစွမ်းကုန်    ကြိုးစား ဆောင်ရွက်လျက်ရှိသည့်အပြင်  လူငယ် များနှင့် ကလေးငယ်များ၏ ကျန်းမာရေး အတွက်လည်း ကိုဗစ် - ၁၉ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ထားရှိပြီး လုံခြုံ ရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ 

 


ပွဲတော်တွင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြန်ကြား ရေးဝန်ကြီးဌာန       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဇင်စိုးက “ပွဲတော်မှာ    စာပေဆိုင်ရာလှုပ်ရှားမှုနဲ့ အသိပညာပေးပြခန်းတွေ ပါဝင်ပါမယ်။ နောက်ပြီး   အနုပညာဖျော်ဖြေရေးတွေ အပြင် လူငယ်တွေ ပါဝင်နိုင်မယ့်ပြိုင်ပွဲ တွေလည်း စီစဉ်ထားပါတယ်။ အားကစား လှုပ်ရှားမှုအနေနဲ့    မြန်မာ့လက်ရွေးစင် အားကစားသမားတွေ လေ့ကျင့်နေပုံတွေ ကိုလည်း လေ့လာလို့ရမယ်။ မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များအသင်းက နေပြီး လေယာဉ်ပုံစံငယ် လွှတ်တင်မှုတွေ ကိုလည်း  ပြည့်ပြည့်စုံစုံနဲ့ စီစဉ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ပွဲတော်မှာ ပြခန်း ပေါင်း ၃၀ကျော် ပြသသွားမှာဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ် စာတမ်း တွေကို  ဝယ်ယူလို့ရအောင်လည်း စာအုပ် အရောင်းဆိုင်တွေ စီစဉ်ထားပါတယ်။ 

 


“ပွဲတော်ကိုလာရောက်တဲ့ လူငယ်နဲ့ကလေးတွေပျော်ရွှင်စေဖို့အတွက်  အမှတ် တရ လက်ဆောင်တွေ ပေးသွားဖို့လည်း ရှိပါတယ်။ လူငယ်တွေကို စုပေါင်းဆောင် ရွက်တတ်တဲ့   အလေ့အကျင့်ဖြစ်စေဖို့ အတွက် အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းထားပါတယ်။    ပွဲတော်ကို လာရောက်ဖို့အတွက်     နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ကျောင်း တွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်ကြီးဌာနအလိုက်     ဝန်ထမ်းမိသားစု တွေကိုလည်း    ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ပွဲတော်ကြီးကို     ခမ်းခမ်း နားနားဖြစ်အောင် စီစဉ်ဆောင်ရွက်ထား တဲ့အတွက် မည်သူမဆို ပျော်ပျော်ရွှင်ရွှင် နဲ့ လွတ်လပ်စွာ လာရောက်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟုပြောသည်။ 

 


အဆိုပါ ပွဲတော်ကြီးကို မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာ မည့်    ကလေးများနှင့်    လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ    ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏    တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့်       စာပေဖတ်ရှု လေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိ ပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ    ဗလငါးတန်မြှင့်တင်ပေးနိုင်ရန် နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင် ရန်     ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။
ထိုသို့ ကောင်းမွန်သည့် ရည်ရွယ်ချက် များပြည့်ဝစွာဖြင့်     နိုင်ငံတော်အစိုးရမှ စေတနာအပြည့်ဖြင့်     စီစဉ်ဆောင်ရွက် ထားသည့်     စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် သို့  အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့်  ကလေးများနှင့်  လူငယ်များအနေ ဖြင့်    တက်ကြွသော    ခြေလှမ်းများဖြင့် လှမ်းလာကြပါရန်     ဖိတ်ခေါ်လိုက်ရပါသည်။ 

 


သတင်း- အောင်စိုး၊ ဓာတ်ပုံ- ထိန်အေး