
နေပြည်တော် ဇန်နဝါရီ ၂၆
တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပဲခူးတိုင်း ဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ စကားဝါမြေ ကျီးတောင်တောရ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် တိုင်းဒေသကြီး သံဃနာယက ဆရာတော်များ၊ သန်လျင်မြို့ ပင်မနယ်လှည့် သစ္စာဓိဋ္ဌာန်စတုဒိသာ နတ်စင်တစ်ရာ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား အမှူးထား၍ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဧချမ်းဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများက စကားဝါမြေကျီးတောင်တောရ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ ကို နာယူကြသည်။ ထို့နောက် နတ်စင်တစ်ရာ ဆရာတော်ထံမှ ဩဝါဒစကား နာယူကြပြီး သံဃာ တော်များအား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဧည့်ပရိသတ်များက နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူ ငွေကျပ် သိန်း ၃၀၀ ကို အလှူရှင်များက ပေးအပ် လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ရန်အောင်မြင် သရက်ကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိစက္ခဏ ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်