ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများ နေရပ်အသီးသီးသို့ ထပ်မံပြန်လည်ဝင်ရောက်

 

နေပြည်တော်   ဇန်နဝါရီ   ၂၆


ကယားပြည်နယ်အတွင်း PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအကြား  ထိတွေ့တိုက်ပွဲများကြောင့်   တိုက်ပွဲဖြစ်ပွားရာနေရာများနှင့်   လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်လျက်ရှိသည့်    လွိုင်ကော်မြို့ပေါ်အပါအဝင်   အဆိုပါဒေသတစ်ဝိုက်မှ   အပြစ်မဲ့ပြည်သူများကို နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းပြီဖြစ်သည့်  ၎င်းတို့၏နေရာဒေသများ၌  ပြန်လည်နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ   ၂၈၀၇ ဦးတို့သည် ၎င်းတို့နေရပ်သို့  ထပ်မံပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။ 

 


ထိုသို့  ပြန်လည်ဝင်ရောက်လာသည့်  တိုက်ပွဲ ရှောင်ပြည်သူများအား     သက်ဆိုင်ရာတာဝန်ရှိ သူများက   စနစ်တကျလက်ခံခဲ့ပြီး   လိုအပ်သည် များ   ညှိနှိုင်းဖြည့်ဆည်း၍    ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ကယားပြည်နယ်အတွင်း    NUG  နှင့်   PDF အမည်ခံ     အကြမ်းဖက်သမားများကို    လုံခြုံရေး တပ်ဖွဲ့ဝင်များက  ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ   ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲများ    ဖြစ်ပွားခဲ့ပြီး     အဆိုပါဒေသ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍  ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေ တည်ငြိမ်အေးချမ်းမှုများ   ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်း တည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် အပြင်  ဘုရား၊  စေတီများနှင့်  အခြားဘာသာရေး ကျောင်းများ၌လည်း     ဘုရားဖူးဝတ်ပြုဆုတောင်း သူများနှင့်  ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ ကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်