ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာနှင့် တိုင်းစစ်ဌာနချုပ်ရှိ အဘိုးအဘွားများကို ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ  ၂၆


ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့  စက်တော်ရာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကို  ယနေ့နံနက်ပိုင်းတွင်   အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်  တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်- ၁၉ ရောဂါ  အထောက် အကူပြုဆေးဝါးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပဒေသာပင်အလှူငွေများ သွားရောက်ထောက်ပံ့ပေးအပ်ရာ အဘိုး အဘွားများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

 

ယင်းနောက် နယ်မြေခံဆေးအဖွဲ့က အဘိုးအဘွားများကို  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ  ကန်တော့ခံဘိုးဘွား ၂၃ ဦးကို တိုင်းမှူးနှင့် တာဝန်ရှိသူများက  တိုင်းစစ်ဌာနချုပ်ရှိ သာသနဝံသဓမ္မာရုံ၌ ပူဇော်ကန်တော့ပြီး အလှူငွေများ၊ အဝတ်အထည်များနှင့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားနှင့်  ဆုပေးစကား ပြန်လည်ပြော ကြားသည်။  ယင်းနောက်  တိုင်းမှူးနှင့်   တာဝန်ရှိသူများက  အဘိုး အဘွားများကို    အာဟာရဖြည့်စားသောက်ဖွယ်ရာများ  ကျွေးမွေး လှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်  ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

 

သတင်းစဉ်