နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)(သင်ကြား/စီမံ၊ စာသင်သား) သံဃာတော်များအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ရန်ကုန်  ဇန်နဝါရီ  ၂၆     


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဆရာတော်ကြီး များ၏ သြဝါဒ၊  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဌာန၏လမ်းညွှန်မှုအရ    Sinopharm   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို      ဆောင်ရွက်ရာ ယနေ့မွန်းတည့် ၁၂ နာရီတွင်  ရန်ကုန်မြို့  မရမ်းကုန်း မြို့နယ်  သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ    မဟာ နာယကကျောင်းတော်ကြီး၏           ဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊     တာဝန်ကျ (ပထမအဖွဲ့ခွဲ)ဆရာတော်ကြီး(၉)ပါးအား    လည်း ကောင်း၊ မွန်းလွဲ ၁ နာရီတွင်     နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) သမဝါယမ တန်ဆောင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြု  သြဝါဒါစရိယဆရာတော် ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)   သင်ကြား/စီမံ၊   စာသင်သား သံဃာတော်  ၂၄၉  ပါးတို့အားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ခဲ့သည်။

 


ဇန်နဝါရီ ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌           တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော် ၁၂၈ ပါးကို လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတိဂုံစေတီ တော် ရှေးဟောင်းတန်ဆောင်း၌  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏     သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ စုစုပေါင်း ၂၂ ပါး တို့ကိုလည်းကောင်း    ကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်သည်။

 


ထို့အတူ  မတ် ၄ ရက်မှ ၉ ရက်အထိ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   (၄၇)ပါးစုံညီ ဒသမအစည်းအဝေးနှင့် မတ် ၁၁ ရက်မှ ၁၃  ရက်အထိ အဋ္ဌမအကြိမ်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးများကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ     မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများသို့    ကြွရောက်မည့်      နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃ မဟာနာယကဆရာတော်ကြီးများ၊   နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်   ဆရာတော်ကြီးများ   စုစုပေါင်း ၅၁၄  ပါးအား လည်းကောင်း၊  မတ် ၁၄ ရက်မှ ၃၁ ရက် အထိ  နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊   မန္တလေးတိုင်းဒေသကြီးတို့မှ   ပရိယတ္တိ စာသင်တိုက်ကြီးများရှိ သံဃာတော်များနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်  (မန္တလေး)  သင်ကြား/စီမံ၊  စာသင်သားရဟန်း/သာမဏေများ စုစုပေါင်း ၄၀၇၈   ပါးတို့ကို     Sinopharm   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံသွားမည်ဖြစ် ကြောင်း သိရသည်။                 

 သတင်းစဉ်