
စစ်တွေ ဇန်နဝါရီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာ ညွန့်ဖေ၊ ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က မာန်အောင်မြို့နယ် ကအီး ကျေးရွာအနီးရှိ မာန်အောင်ကျွန်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း နှင့် Manaung Island Resort မာန်အောင်ကမ်းခြေ ဟိုတယ်ဖွင့်ပွဲသို့ တက်ရောက်ကြ သည်။
ရှေးဦးစွာ မာန်အောင်ကျွန်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်းဘုတ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာ ညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ရခိုင်မင်္ဂလာ စည်တော်အဖွဲ့က စည်တော်တီး ကာ ရခိုင်ရိုးရာအကအဖွဲ့က ဗျာလ်ယိမ်းအကဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြု ဆုငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် Manaung Island Resort မာန်အောင် ကမ်းခြေဟိုတယ် View Point မှ ကအီးကျေးရွာ ကမ်းခြေ၏ သဘာဝအလှကို လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် တာဝန်ရှိသူ များက Manaung Island Resort မာန်အောင်ကမ်းခြေ ဟိုတယ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတော် က ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါတွင် ကျောက်ဖြူမြို့နယ် တစ်ခုတည်း ကိုသာမက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ် များအားလုံးကို တစ်ပြိုင်နက် တည်း ဖွံ့ဖြိုးမှုရှိစေရန် ရည်ရွယ်ပြီး ဒေသလွှမ်းခြုံစီမံချက် (Regional Master Plan )ကို အတည်ပြု ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ သဘာဝအရင်းအမြစ်များရှိသည့် အရပ်ဒေသ၊ သဘာဝတရား အတိုင်း ဖြစ်တည်နေသည့် နေရာ များသည် တစ်နေ့ထက်တစ်နေ့ တန်ဖိုးရှိလာပြီး လူသားများကို ဆွဲဆောင်နိုင်သည့် နေရာဒေသ များ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် သဘာဝအရင်းအမြစ် များ ပေါကြွယ်ဝသည့် မြန်မာ နိုင်ငံ၏ ခရီးစဉ်ဒေသများသည် တစ်နေ့ထက်တစ်နေ့တန်ဖိုးရှိလာသကဲ့သို့ မာန်အောင်ကျွန်းသည် လည်း ကျွန်း၏ မူလရှိရင်းစွဲ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင် ကျော်မင်းက အမှာစကား ပြော ကြားပြီး မာန်အောင်မြို့ မြို့မိ မြို့ဖ ဦးသာညွန့်နှင့် မာန်အောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးကျော်လှိုင် တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် Manaung Island Resort မာန်အောင်ကမ်းခြေ ဟိုတယ် အတွင်း လှည့်လည်ကြည့်ရှုကြ ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)