
နုပျိုသစ်လွင်သော မီဒီယာဖြစ်စေရေး၊ ပြည်သူများအကြား ပြည်သူ ယုံကြည် ၊ စိတ်ချ၊ အားကိုးရသော
မီဒီယာတစ်ခု ဖြစ်လာစေရေး ဘက်ပေါင်းစုံမှ ဖြန့်ကြက်စီမံဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၂၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်ဦးစီးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြန်/ဆက် ရောင်ခြည်ထာဝစဉ် တောက်ပ နေမည် ဂုဏ်ပြုတေးသီချင်းဖြင့် ဖွင့်လှစ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဌာနတစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းလာခဲ့သည်မှာ (၃၁)နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဌာနကြီးတစ်ခုအဖြစ် ခိုင်ခိုင်ခံ့ခံ့ ရပ်တည်နိုင်ရန်မှာ ဌာနကိုဦးဆောင်
ဦးရွက်ပြုနေသူများ၊ တာဝန်အသီးသီးကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်မှု ကြောင့် ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနသည် တစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် နှင့် မြို့ရုံးပေါင်း ၄၂၇ ရုံးဖြင့် ဖွဲ့စည်း ထားသည့် ကြီးမားသော ကွန်ရက်ကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန် ကြီးသုံးရပ်ဖြစ်သည့် သတင်းအချက် အလက်များ ဖြန့်ဝေပေးခြင်း၊ အသိ ပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်း လုပ်ငန်းတာဝန်များကို ခေတ်မီသစ်လွင် သည့် အစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံဆောင်ရွက်လျက်ရှိ
လက်ရှိတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အပါအဝင် ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများအားလုံး ကို နုပျိုသစ်လွင်သော မီဒီယာဖြစ်စေ ရန်၊ ပြည်သူများအကြား ပြည်သူ ယုံကြည်၊ စိတ်ချ၊ အားကိုးရသော မီဒီယာ တစ်ခုဖြစ်လာစေရန် ဘက်ပေါင်းစုံမှ ဖြန့်ကြက် စီမံဆောင်ရွက်လျက်ရှိ ပါကြောင်း။
၂၀၂၂ ခုနှစ် နှစ်သစ်တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်နှင့်အတူ ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက် လာအောင် လုပ်ဆောင်သွားရန်၊ ဝန်ထမ်း အားလုံး စည်းလုံးညီညွတ်စွာဖြင့် သတင်း အမှန်များ ပိုမိုပျံ့နှံ့အောင် အားစိုက် ခွန်စိုက် လုပ်ဆောင်သွားရန် မှာကြားလို ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၁ ခုနှစ် အတွင်း ခရိုင်အလိုက် သတင်းပေးပို့ ဖော်ပြခံရမှုအများဆုံး ပထမဆုရရှိသည့် ညောင်ဦးခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ဘားအံခရိုင်ရုံး၊ တတိယဆုရရှိသည့် မော်လမြိုင်ခရိုင်ရုံးနှင့် အထူးဆုရရှိသည့် မောင်တော ခရိုင်ရုံး၊ ကျောက်ဆည်ခရိုင်ရုံး၊ မကွေးခရိုင်ရုံး၊ မိတ္ထီလာခရိုင်ရုံး၊ မင်းဘူး ခရိုင်ရုံးတို့အတွက် ဆုများပေးအပ် ချီးမြှင့်ပြီး ရာထူးတိုးမြှင့် ခန့်အပ်ခံရသူ များအား ခန့်အပ်လွှာများ ပေးအပ်ချီးမြှင့် သည်။ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ၂၀၂၁ ခုနှစ်အတွင်း မြို့နယ်အလိုက် သတင်းပေးပို့ ဖော်ပြခံရမှုအများဆုံး ပထမဆုရရှိသည့် ပွင့်ဖြူမြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် သီပေါမြို့နယ်ရုံး၊ တတိယဆုရရှိသည့် မိုင်းယောင်း မြို့နယ်ရုံးနှင့် အထူးဆုရရှိသည့် နမ္မတူမြို့နယ်ရုံး၊ နောင်ချိုမြို့နယ်ရုံး၊ နတ်မောက်မြို့နယ်ရုံး၊ လှိုင်းဘွဲမြို့နယ်ရုံး၊ တနင်္သာရီမြို့နယ်ရုံးနှင့် ကိုဗစ်-၁၉ သတင်းဆိုင်ရာ သတင်းအရည်အသွေး အကောင်းဆုံးဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၂၁ ခုနှစ်အတွင်း ပြည်သူ့စာကြည့်တိုက်တွင် Facebook Page အသိပညာပေးလုပ်ငန်း အများဆုံး လွှင့်တင်ဆောင်ရွက်နိုင်မှုဆု ပထမဆု ရရှိသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်း ကျွန်းရုံးနှင့် ငါန်းဇွန်မြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် ကျောက်ဆည် ခရိုင်ရုံးနှင့် လှိုင်းဘွဲမြို့နယ်ရုံး၊ တတိယ ဆုရရှိသည့် ဘားအံခရိုင်ရုံးနှင့် ရှမ်းရွာသစ် မြို့ရုံးတို့အတွက် ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း များ အများဆုံး ဆောင်ရွက်နိုင်မှုဆုရရှိ သူများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး၊ ပြည်သူအားလုံးပါဝင်ပေး ရောင်စုံဓာတ်ပုံ ပြိုင်ပွဲဆုရရှိသူများ၊ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာတိုက်ဖျက်ပါနှင့် လှပ သာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲဆုရရှိသူများ၊ ထူးချွန်ဆုရ ဝန်ထမ်း များ ၊ စီမံထူးချွန်ဆု၊ ဝန်ထမ်းထူးချွန်ဆု၊ စွမ်းဆောင်ရည်ဆု၊ အနုပညာ၊ ဂီတ၊ ပြည်သူ့ဝန်ထမ်းကောင်းဆု ရရှိသူများ အား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကို ပြသပြီး ဆုရရှိသူများကိုယ်စား အရာထမ်း တစ်ဦးက ကျေးဇူးတင်စကားပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်