တရားမဝင် စားသောက်ကုန်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဇန်နဝါရီ   ၂၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ် မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ  ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  သစ်တောဦးစီးဌာနမှ  ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့်  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင်  တရားမဝင်သစ်မျိုးစုံ (၇၀ ဒသမ ၆၃၉၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၈၄၁,၂၉၁) အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
အလားတူ   ဇန်နဝါရီ   ၂၄ ရက်တွင်   မူဆယ်  (၁၀၅)   မိုင် ကုန်သွယ်ရေးဇုန် ဌာနစုံစစ်ဆေး ရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ       တရုတ်နိုင်ငံထုတ် စားသောက်ကုန်          ပစ္စည်းများ (ခန့်မှန်းတန်ဖိုး          ငွေကျပ် ၅၇,၇၃၃,၂၀၀)    နှင့်      အဆိုပါ စားသောက်ကုန်     ပစ္စည်းများ သယ်ဆောင်လာသည့်  (၂၂) ဘီး ယာဉ်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ်  ၉၇,၇၃၃,၂၀၀)အား ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်   ဥပဒေနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၅ ရက် တွင်     စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  ပူးပေါင်းအဖွဲ့မှ      စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ် မှ  (လိုင်စင်မဲ့)  NISSAN ADVAN မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)  နှင့် တမူးမြို့နယ်မှ တရားမဝင် ကညင် သစ် (၈ ဒသမ ၃၃) တန် (ခန့်မှန်း တန်ဖိုးငွေကျပ်       ၈၃၃,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၃၃,၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး  (လိုင်စင်မဲ့ယာဉ်)  အား   ပို့ကုန် သွင်းကုန်ဥပဒေအရ         လည်း ကောင်း၊ တရားမဝင် ကညင်သစ် များအား   သစ်တောဥပဒေအရ လည်းကောင်း  အရေးယူဆောင် ရွက်လျက်ရှိသည်။ 
ထို့အပြင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု      တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ  မှုဖြင့်   တိုင်းဒေသကြီး သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း အဖွဲ့များဖြင့် သတင်းအရ   သွား ရောက်စစ်ဆေးခဲ့ရာ တောင်ငူခရိုင် သစ်တောကြိုးဝိုင်း      အတွင်း တရားမဝင် ကျွန်းသစ် (၀ ဒသမ ၈၂၆၀)     တန်   (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၂၄၇,၈၀၀)  နှင့်   အခြား သစ်မျိုးစုံ (၁ ဒသမ ၃၅၁၀)တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၅၇၀)၊ စုစုပေါင်း   သစ်မျိုးစုံ   (၂   ဒသမ ၁၇၇)   တန်     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၂,၃၇၀) အား ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။
သို့ပါ၍  ဇန်နဝါရီ  ၂၀ ရက်၊ ၂၁   ရက်၊   ၂၂   ရက်၊   ၂၃  ရက်၊ ၂၄   ရက်နှင့်  ၂၅    ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆,၂၄၉,၈၆၁) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး         ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်