တောင်ကိုရီးယား၌ နေ့စဉ် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများ စံချိန်တင်မြင့်တက် 


 

ဆိုးလ်  ဇန်နဝါရီ   ၂၅    
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများနေသည့်   တောင်ကိုရီးယား နိုင်ငံ၌    နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ စံချိန်တင်မြင့်တက် လျက်ရှိသည်။    ဇန်နဝါရီ ၂၄ ရက်နေ့သည်  နေ့စဉ်  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုအများဆုံး    နေ့တစ်နေ့အဖြစ်   စံချိန်တင်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်များက    ပြောကြားလိုက်သည်။   ယခု သီတင်းပတ်အကုန်တွင်      နေ့စဉ်   ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ အရေအတွက် ၁၀၀၀၀ ထက် ကျော်လွန်နိုင်ကြောင်း  ၎င်းတို့က  ခန့်မှန်း ထားသည်။ 
ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များက ကျန်းမာရေးစနစ်အပေါ် ဝန်ပိစေမည့်အခြေအနေကို ထိန်းချုပ်ရန် ၎င်းတို့၏ သီးခြားခွဲခြားနေထိုင် သည့် မူဝါဒကို ပြောင်းလဲရန်  ဆုံးဖြတ်ခဲ့သည်။  ဇန်နဝါရီ ၂၆ ရက်မှစပြီး ကူးစက်ခံထားရသူများသည်   ကာကွယ်ဆေးထိုးထားသည့်အနေအထား ပေါ်မူတည်ကာ   နေအိမ်တွင်  ၁၀ ရက်အစား  ခုနစ်ရက်သီးသန့်ခွဲခြား နေထိုင်ရန် လိုအပ်မည်ဖြစ်သည်။ 
အနီးကပ်ထိတွေ့ခဲ့သော်လည်း ထိတွေ့ခဲ့သူအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပါက   ကွာရန်တင်းကင်းလွတ်ခွင့်ရှိမည်ဖြစ် သည်။ နိုင်ငံအနောက်တောင်ပိုင်းအပါအဝင် နိုင်ငံ၏ ဒေသလေးခုတွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသည်။ 
ဆင်ဟွာ