
တိုကျို ဇန်နဝါရီ ၂၅
ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ဂျပန်အစိုးရသည် တစ်စိတ်တစ်ပိုင်း အရေးပေါ်ကြေညာချက်တစ်ရပ်ကို သက်တမ်းထပ်မံ တိုးမြှင့်သွားမည်ဖြစ်သည်။
ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၆၀၀၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့သည်။ အဆိုပါပမာဏသည် စံချိန်တင်ရလောက်အောင် မြင့်တက်လာသည့် ပမာဏဖြစ်သည်။ ၎င်းတို့ထဲမှ ၄၄၄ ဦးသည် စိုးရိမ်ရသောအခြေအနေ တွင်ရှိကာ ယမန်နေ့ထက် ငါးဦးပိုလာခဲ့သည်။ ဂျပန်နိုင်ငံ၏ ခရိုင် ၄၇ ခုအနက် တိုကျိုအပါအဝင် ထက်ဝက်ကျော်ခန့်မှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသည်။ တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာချက်ကို အိုဆာကာ၊ ကျိုတိုနှင့် ဟော့ကိုင်းဒိုး အပါအဝင် ခရိုင် ၁၈ ခု၌ ဖေဖော်ဝါရီ ၂၀ ရက်အထိ ထပ်မံ လွှမ်းခြုံဖြန့်ကြက်သွားမည်ဖြစ် ကြောင်း သိရသည်။ ဆင်ဟွာ