ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတစ်နေ့အတွင်း အများဆုံးဖြစ်

 

ဟနွိုင်း ဇန်နဝါရီ ၂၅    
ဗီယက်နမ်နိုင်ငံ၌         ဇန်နဝါရီ ၂၅ ရက်က   ကိုဗစ်-၁၉   ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၅၇၄၃ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပ ကူးစက်ဖြစ်ပွားသူ    ၄၄ ဦးနှင့် ပြည်တွင်း   ကူးစက်ဖြစ်ပွားသူ ၁၅၆၉၉ ဦးဖြစ်ကြောင်း   ကျန်းမာ ရေးဝန်ကြီးဌာနက   ထုတ်ပြန် ကြေညာသည်။ 
ကိုဗစ်-၁၉    ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ    နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ပေါင်း    ၂၁၇၁၅၂၇     ဦးအထိ ရှိလာပြီး   ၃၇၀၁၀   သေဆုံးခဲ့ ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက        ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။ 
ဗီယက်နမ်မြို့တော်  ဟနွိုင်း သည်    ဒေသတွင်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု  အမြင့်ဆုံးဖြစ် ကာ ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၅၆ ဦး ရှိခဲ့သည်။ ထို့နောက် ဒါနန်မြို့တွင် ၉၈၆ ဦးနှင့် မြောက်ပိုင်း ဟိုင်ဖွန် မြို့တွင် ၇၀၄ ဦး ရှိခဲ့သည်။ 
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု မှ      ပြန်လည်ကျန်းမာလာသူ ၁၉၀၄၀၆၉ ဦး ရှိလာပြီး  တတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၄ ဒသမ ၆ သန်း အပါ အဝင် နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၁၇၇ ဒသမ ၄   သန်း ကျော်လွန်လာပြီဖြစ်သည်။
ဗီယက်နမ်      နိုင်ငံသည် ပြင်းထန်သည့်နှုန်းဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု   လှိုင်းဂယက် လေးခုလုံး၏   ရိုက်ခတ်ခြင်းကို ယခုအချိန်အထိ   ခံနေရဆဲဖြစ် သည်။ လွန်ခဲ့သောနှစ် ဧပြီလနှောင်း ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် လက်ရှိ ကိုဗစ်-၁၉  လှိုင်းဂယက်ကြောင့် ပြည်တွင်း    ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားသူပေါင်း ၂ ဒသမ ၁၆ သန်း ရှိခဲ့သည်။          ဆင်ဟွာ