အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်မှုမြင့်တက်နေချိန်တွင် အပိုဆောင်းကာကွယ်ဆေးထိုးပြီးသူအပါအဝင်  အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာ ၃၀၅ ဒသမ ၅၀ သန်းရှိလာ

 

 

ဂျကာတာ ဇန်နဝါရီ ၂၅   
အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည့်အချိန်တွင် ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၈၇၈ ဦးရှိကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာလည်း ၄၂၉၄၁၈၃ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ 
ထို့အတူ  ကိုဗစ်-၁၉ ကြောင့် လူ ၂၀ ထပ်မံသေဆုံး မှုနှင့်အတူ  စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၄၄၂၄၇ ဦးအထိ  ရှိလာခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည်ကောင်းမွန် လာပြီး  ဆေးရုံမှဆင်းလာသူ   ၈၆၉ ဦး  ရှိလာသော ကြောင့် စုစုပေါင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ    ၄၁၂၅၀၈၀   အထိ ရှိလာသည်။ 
ဇန်နဝါရီ ၂၅ ရက်ထုတ်ပြန်ချက်တွင် ကျန်းမာရေး ဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု   မြင့်တက်နေချိန်တွင် ပြည်သူလူထုကို  သတိထားနေထိုင်ကြရန် တိုက်တွန်း ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် အစိုးရသည်  အမျိုးသားကာကွယ်ဆေးထိုးအစီအစဉ်ကို  အရှိန်မြှင့်တင်ခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၁၈၂ ဒသမ ၀၂ သန်း   ကိုဗစ်-၁၉ ပထမ အကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်ကာ   ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်းမှာလည်း ၁၂၅ ဒသမ ၁၀ သန်းကျော်ရှိလာပြီဖြစ်သည်။
တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဗက်ကို   အရေးပေါ်အသုံးပြုရန်   သက်ဆိုင်ရာ အာဏာပိုင်များက    အတည်ပြုလိုက်ချိန်မှစကာ  အင်ဒိုနီးရှားနိုင်ငံတွင် အစုလိုက်အပြုံလိုက်  ကာကွယ် ဆေးထိုးနှံမှု ကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ခဲ့သည်။ အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးအပြည့် အဝထိုးပေးနိုင်ရန်   ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိရာ တတိယအကြိမ်  ကိုဗစ်-၁၉ အပိုဆောင်း ထိုးနှံမှုအပါအဝင်  ယခုအချိန် အထိ    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၃၀၅ ဒသမ ၅၀ သန်း ရှိလာပြီဖြစ်သည်။ 
ဆင်ဟွာ