တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်   ဇန်နဝါရီ   ၂၅
တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌    သံဃာတော်များ၊ သာသနာ့နွယ်ဝင်      သီလရှင် များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး     အသက်  ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား    လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊    ကယ်ဆယ်ရေးစခန်း များ၊  ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ      ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက် တန်းအဆင့်    ကျောင်းသား ကျောင်းသူများ   စသည့်ဦးတည် အုပ်စုများ          သတ်မှတ်၍ တပ်မတော်မှ     ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ  ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်     (မြောက်ပိုင်း) အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံပြည်သူ ၃၉၁၃ ဦး၊   ရှမ်း ပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် လေးမြို့နယ်၌   ဒေသခံ ပြည်သူ ၁၅၀၁ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်  ၁၀ မြို့နယ်၌    ဒေသခံပြည်သူ ၁၂၅၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌   ဒေသခံပြည်သူ ၈၅၀၊     ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နှင့်      တာမွေ မြို့နယ်တို့၌       ဒေသခံပြည်သူ  ၉၂၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌  ဒေသခံပြည်သူ ၃၅၃၉၁ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ        မြို့နယ် ငါးမြို့နယ်၌    ဒေသခံပြည်သူ ၃၈၁၅ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ဒေသခံ ပြည်သူ ၆၈၂၀ နှင့် ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နှင့်   ထန်းတပင် မြို့နယ်တို့၌      ဒေသခံပြည်သူ      ၃၈၀ တို့ကို တပ်မတော်မှ   ဆေး အဖွဲ့များက     ပြည်သူ့ဆေးရုံများ မှ    ဆရာဝန်များ၊      သက်ဆိုင် ရာ    ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍  ကိုဗစ်-၁၉  ရောဂါ  ကာကွယ် ဆေးထိုးနှံပေးသည်။ 
ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ      ဇန်နဝါရီ ၂၄  ရက်နှင့်     ယနေ့တွင်    ရှမ်း ပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ၌     ကျောင်းသား   ကျောင်းသူ ၁၆၄ ဦး၊  ရှမ်းပြည်နယ် (အရှေ့ ပိုင်း)        ကျိုင်းတုံမြို့နယ်ရှိ ကျောင်းသား ကျောင်းသူ ၁၅၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီး  အတွင်း ရှိ     မြို့နယ်  ၂၆  မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၉၅ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး သည်။
ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်