ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်အတွင်းရှိ ဦးစီးဌာနများနှင့် စက်ရုံများကို ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဇန်နဝါရီ  ၂၅
စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ ၂၂ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ရှိ     ခရိုင်စက်မှုကြီးကြပ်ရေးနှင့်   စစ်ဆေးရေးဦးစီးဌာန၌ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်   စစ်ဆေးရေးဦးစီးဌာန   ပြည်နယ်ဦးစီးမှူး၊    ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက    အုပ်ချုပ်မှုကိစ္စရပ် များ   ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို    ပြည်နယ် ဦးစီးမှူးထံသို့        ပေးအပ်ပြီး ဝန်ထမ်းများကို    ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ   ဝန်ထမ်းများ၏ တင်ပြချက်များကို   ပေါင်းစပ် ညှိနှိုင်း   ဖြေရှင်းဆောင်ရွက်ပေး သည်။
စဉ်ဆက်မပြတ် လေ့လာ
ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီးသည် အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး သံမဏိထုတ်လုပ်သည့်    နည်း ပညာရပ်များအား ကျွမ်းကျင်ပညာ ရှင်များထံမှ   လက်ဆင့်ကမ်းရရှိ နိုင်ရေး   စီမံဆောင်ရွက်ထားရန်၊ စီမံကိန်းလုပ်ငန်းများ    အချိန်မီ ပြီးစီးရေးအတွက်   အချိန်ဇယား များ  ရေးဆွဲဆောင်ရွက်ရန်၊  စီမံ ကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မမျှော်မှန်းနိုင်သည့် အခက် အခဲများအတွက်ပါ    ကြိုတင် မျှော်တွေး၍   စီမံဆောင်ရွက်ထား ရန်၊  စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အဓိကကျသည့် သံစိမ်းများကို စီးပွားဖြစ်  ထုတ် လုပ်မည့် စက်ရုံဖြစ်၍ စီမံကိန်း လုပ်ငန်းများကို  အလေးအနက် ထား   စီမံဆောင်ရွက်ရန်၊  လူ့ စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်ရုံခွဲများ အလိုက်  အစီအမံများ   ရေးဆွဲ ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်ရန်၊   ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ စွမ်းဆောင် ရည်များ မြင့်မားတိုးတက်စေရေး အတွက် စဉ်ဆက်မပြတ် လေ့လာ သင်ယူသွားကြရန် မှာကြားသည်။ 
ကူညီဖြည့်ဆည်း
ထို့နောက်            ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်    စစ်ဆေး ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က  ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ  စက်မှုမှတ်ပုံ တင်လုပ်ငန်းများ  ဆောင်ရွက်ရာ၌ ဥပဒေ၊     နည်းဥပဒေတို့အပြင် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ  အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများနှင့်   ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက် နိုင်ရေး   ပြင်ဆင်ထားရမည်ဖြစ် ကြောင်း၊   စစ်ဆေးရေးမှူးများ အနေဖြင့်  မိမိတို့နှင့်  သက်ဆိုင် သည့်    ဘာသာရပ်အသီးသီး၌ သက်ဆိုင်ရာ  အဖွဲ့အစည်းများမှ ထုတ်ပေးလျက်ရှိသည့်  ကျွမ်းကျင် မှုအသိအမှတ်ပြု   လက်မှတ်များ ရရှိအောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာ၊ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများရရှိရေးတို့ အတွက်လည်း  ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း  မှာကြားပြီး         ဝန်ထမ်းများ၏ လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြုပြင်ထိန်းသိမ်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အမှတ်(၂)သံမဏိ စက်ရုံ   (ပင်းပက်)မှ  စက်ရုံ လည်ပတ်ပြီး     ထွက်ရှိလာသော ကုန်ချောများ သယ်ယူပို့ဆောင်ရာ တွင် အသုံးပြုရန်အတွက်   မီး ရထားလမ်း   ဖောက်လုပ်ခြင်း လုပ်ငန်းခွင်နှင့်  စီမံကိန်းလုပ်ငန်း များ          ပြန်လည်စတင်နိုင်ရေး အတွက်    စက်ရုံခွဲအသီးသီး၌  ဆောင်ရွက်ထားရှိမှု၊ စက်ပစ္စည်း များ ပျက်စီးဆုံးရှုံးမှု  မရှိစေရေး အတွက်   ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။    သတင်းစဉ်