နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအား  ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူ  ဆောင်ရွက်

 

 

နေပြည်တော် ဇန်နဝါရီ  ၂၅
နိုင်ငံတော်            တည်ငြိမ်ရေးကို ထိခိုက်စေရန်    လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်  နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ  ထုတ်ပြန် သည့် သတင်းထုတ်ပြန်ချက်အပေါ် အလေးအနက်ထား   ထိရောက် စွာ   လိုက်ပါဆောင်ရွက်ရေးနှင့်  ပတ်သက်သည့်   ညှိနှိုင်းအစည်း အဝေးကို   ယနေ့ နံနက် ၁၀  နာရီ တွင်   နေပြည်တော်   ပြည်ထဲရေး             ဝန်ကြီးဌာန         ပြည်ထောင်စု ဝန်ကြီးရုံး   အစည်းအဝေးခန်းမ တွင်     ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 
အရေးယူခံရနိုင်
အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်က  ယခုအခါ အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊  NUG နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်    ဆက်နွှယ်နေသော အဖွဲ့အစည်း၊   လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံ တော်တည်ငြိမ်ရေးကို   ပျက်ပြား စေရန်နှင့်    ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည် ကို  တွေ့ရှိရပါကြောင်း၊ ယင်းသို့ လှုံ့ဆော်မှုများအပေါ်     ပြည်သူ လူထုများအနေဖြင့်      လိုက်ပါ လုပ်ဆောင်မိပါက     ဥပဒေအရ အရေးယူခံရနိုင်သဖြင့်   အများ ပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့မှ    သတင်း ထုတ်ပြန်ထားပါကြောင်း။
နည်းမျိုးစုံဖြင့် ပြုလုပ်
အကြမ်းဖက်အုပ်စု    အဖြစ် ကြေညာထားသော CRPH ၊ NUG နှင့်  ယင်းတို့၏   လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု ကို အကြောက်တရားများဖြစ်ပေါ် စေပြီး     အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊    ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှု ကွန်ရက်များမှတစ်ဆင့် နည်းမျိုး စုံဖြင့်     ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊  ဝါဒဖြန့်မှုများအပေါ်    မသိနားမလည်၍     ဖြစ်စေ၊   ကြောက်ရွံ့၍ဖြစ်စေ    လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ  အများပြည်သူ အနှောင့်အယှက်   ဖြစ်စေမည့် ပြုလုပ်မှုများ          ပြုလုပ်ခြင်း၊ လှုံ့ဆော်          ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီ ခြင်းများပြုလုပ်လျှင်  အကြမ်းဖက် မှု    တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး   ဥပဒေပုဒ်မ ၃၃(က)  နှင့် တည်ဆဲဥပဒေများအရ   အရေး ယူခံရနိုင်ပါကြောင်း။
သိမ်းဆည်းခံရနိုင်
ထို့ပြင်  ပြစ်မှုနှင့်သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော    ပစ္စည်း များကို အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေအရ သိမ်းဆည်းခံရ နိုင်ပြီး   ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက      နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါကြောင်း။
သို့ဖြစ်၍       ပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊       ယင်းတို့နှင့် ဆက်နွှယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်    ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံ ရနိုင်သည်ကို ယခုအစည်းအဝေး သို့  တက်ရောက်လာကြသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ပြည်သူလူထု အားလုံး     သိရှိစေရေး   ဥပဒေ စည်းမျဉ်း၊ စည်းကမ်း  လုပ်ထုံး လုပ်နည်းများနှင့်အညီ   လိုက်ပါ ဆောင်ရွက်သွားရန်     လိုအပ် ကြောင်းနှင့်    ဥပဒေ၊      စည်းမျဉ်း စည်းကမ်းများအား ဖောက်ဖျက်ပါ က   ထိရောက်စွာ   အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဆက်လက်     ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များအပေါ် လေးလေး နက်နက်   ဆောင်ရွက်သွားရန် မှာကြားသည်။
ဆွေးနွေးခဲ့ကြ
ဆက်လက်၍  ပြည်ထဲရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး၊ ဥပဒေရေးရာ    ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ  တက်ရောက်လာ ကြသူများက  ဆက်လက်ဆောင် ရွက်မည့်    လုပ်ငန်းစဉ်များနှင့် ပတ်သက်၍   ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက         ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။   သတင်းစဉ်