
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်း နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြပြီး ရုပ်ရှင်တော်မြတ်ကြီး အတွက် ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဘုရားပရိဝုဏ်တော်အတွင်း လက်ယာရစ်လှည့်လည်ပူဇော်၍ ရေရှည် တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် မဟာမုနိ ပိဋကတ်တိုက်တော်ကြီး ပြုပြင်မွမ်းမံ နေမှုအခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘုရားပရိဝုဏ်တော် အတွင်းရှိ မြန်မာ့လက်မှုအနုပညာပစ္စည်း များ ပြခန်းနှင့် သမိုင်းပန်းချီပြခန်းတို့ အတွင်း လှည့်လည်ကြည့်ရှု၍ ပြခန်းများ အတွင်း ခင်းကျင်းပြသထားသည့် ပစ္စည်း များနှင့် ပန်းချီကားများသည် တန်ဖိုး ဖြတ်၍မရသည့် သမိုင်းဝင်ပစ္စည်းများ၊ လက်ရာများဖြစ်သည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရန် လိုအပ်သည့်အခြေအနေ၊ သမိုင်းအချက် အလက်များကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားမှသာလျှင် နောင်လာနောက် သားများ အလွယ်တကူလေ့လာနိုင်ပြီး တန်ဖိုးထားနိုင်မည်ဖြစ်သဖြင့် ရှေးဟောင်း ပစ္စည်းများ၏ အလှူရှင်များမှတစ်ဆင့် ခေတ်ကာလ အထောက်အထားများ၊ အချက်အလက်များကိုပြုစု၍ စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်သည့် အခြေအနေ၊ ပြုပြင်မွမ်းမံမှုများ ပြုလုပ် ရာတွင် မူလအမှတ်အသားနှင့် အထောက် အထားများ ပျောက်ပျက်မှုမရှိစေရေး ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက် ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်