
အပူပိုင်းဒေသဖြစ်သဖြင့် စီမံကိန်းနယ်မြေ ဧရိယာအစပ်များနှင့် လစ်လပ်မြေနေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနေရာသို့ ရောက်ရှိကြရာ စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စီမံကိန်းဥက္ကဋ္ဌက မန္တလေး-မြို့သာ စက်မှု ဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများကို စီမံကိန်း အကွက်ချပုံစံငယ်ဖြင့် ရှင်းလင်းတင်ပြ သည်။
P ရှေ့ဖုံးမှ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စီမံကိန်းအတွင်းရှိ စက်မှုဇုန်နယ်မြေသို့ ရောက်ရှိကြရာ စီမံကိန်းဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ ဒေါက်တာထွန်းထွန်းအောင်တို့က စက်မှု ဇုန်နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်မည့် အခြေအနေ၊ ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများ အဖြစ် ထုတ်လုပ်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ဖန်တီးပေးရမည်
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းဧရိယာ သည် အပူပိုင်းဒေသဖြစ်သဖြင့် စီမံကိန်း နယ်မြေ ဧရိယာအစပ်များနှင့် လစ်လပ် မြေနေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်း ဖြင့် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စက်မှုဇုန် နယ်မြေအတွင်း လာရောက်ရင်းနှီးမြှုပ်နှံ မည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြိုတင် လျှောက်ထားစေခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်စေမည်ဖြစ် ကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက် ၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လျှပ်စစ်ဓာတ်အားအပြင် မိုးရွာရက် နည်းပြီး ပူပြင်းသောဒေသဖြစ်သည့် အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ကြစေလိုကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အတွင်း ဆောင်ရွက်မည့် တိုင်းဒေသကြီး မွေးမြူရေးဇုန်မြေနေရာ သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်း က မြင်းခြံမြို့နယ်နှင့် ငါန်းဇွန်မြို့နယ် အကြားရှိ မြေဧက ၃၀၀၀ ကျော်ကို မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်ရန် လျာထားဆောင်ရွက်နိုင်မည့် အခြေအနေ နှင့် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က လျာထားဆောင်ရွက်မည့် မွေးမြူရေးဇုန် အတွင်းသို့ ရေရရှိရေးဆောင်ရွက်ပေး နိုင်မည့်အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။
ဆွေးနွေးမှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မွေးမြူရေးဇုန် များအဖြစ် သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်း နိုင်မည့် စနစ်ကျနသည့် မွေးမြူရေးစနစ် ဖြစ်စေရေးရေရှည်ကို မြော်တွေး၍ သေချာစွာ တွက်ချက်ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေ၊ မွေးမြူရေး ဇုန်အတွင်း ဧရိယာတစ်ခုသတ်မှတ်၍ solar plants တစ်ခု ဆောင်ရွက်ပြီးရရှိ လာသည့် လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေ တင်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်နေရာများတွင် အသုံးချနိုင် မည်ဆိုပါက အကျိုးအမြတ်ရရှိနိုင်သည့် အခြေအနေနှင့် မြေဧရိယာများကို မွေးမြူ ရေးဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ရာ တွင် ဥပဒေနှင့်ကိုက်ညီမှုရှိရန် လိုအပ် သည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်