
နေပြည်တော် ဇန်နဝါရီ ၂၄
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံ များကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များ၏ အဓိကအသက်ကယ်ဆေး ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးမည့် Liquid Oxygen သယ်ဆောင်လာသော မော်တော်ယာဉ် အား မြဝတီမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။
ထို့ပြင် လာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲမှုဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်အင်္ဂါနေ့နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ် တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များ အား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်