
ကျောက်ဖြူ ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာ ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောက်ဖြူ မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ကို ဆင်းရဲ၊ ချမ်းသာ ခွဲခြားဆက်ဆံမှုမရှိဘဲ စေတနာ အပြည့်ဖြင့် ကျောင်းသားများကို အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်စေရန် လေ့ကျင့် သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့ကျောင်း အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ ပြည်နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးတို့ပူးပေါင်းကာ ညီညီညွတ် ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား ၍ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ အဆောက်အအုံပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ စာသင်ကျောင်းများတွင် သောက်သုံးရေ လုံလောက် စွာရရှိရေးအတွက် အဝီစိတွင်း၊ ရေစင်၊ ရေသန့်စက် များကို ကျောင်းများတွင် တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေးသည့်ကျောင်း များတွင် ဆိုလာစနစ်ဖြင့် ရေစက်တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်၊ ဆရာ ဆရာမများ လိုအပ်ချက်၊ ဘောလုံးကွင်းနှင့် အားကစားရုံလိုအပ်ချက်၊ ခြံစည်းရိုး လိုအပ်ချက်၊ စာသင်ဆောင်၊ စာသင်ခန်း၊ စာရေးခုံ၊ ကွန်ပျူတာ၊ သင်ထောက်ကူပစ္စည်း စသည့်လိုအပ် ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ အဆိုပါ ကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျောင်းအုပ် ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာသင်တန်းမှ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံကာ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ များစွာမွေးထုတ်ပေးရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားလေ့ရှိပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်များသည် မိမိတို့နိုင်ငံအတွက် ထူးချွန် ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို လေ့ကျင့်မွေးထုတ်ပေးမည့် ဆရာ ဆရာမကောင်းများ လေ့ကျင့်ပျိုးထောင်ပေးသည့် ကျောင်းကြီးများ ဖြစ်ပါ ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူကြရန်နှင့် မိမိတို့သင်ကြားရေး တာဝန်ယူဆောင်ရွက်ရာတွင်လည်း စေတနာအပြည့် ဖြင့် အမှန်တကယ် နားလည်တတ်ကျွမ်းသူများ ဖြစ်စေရန် သင်ကြားပေးကြစေလိုပါကြောင်း ပြောကြား သည်။ ယင်းနောက် ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ အတွက် အိပ်ဆောင်၊ စာသင်ဆောင်နှင့် သင်ကြား သင်ယူမှုအတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရင်း နှင့် အခြေခံပညာအလယ်တန်းကျောင်း ကုလားဘာ တောင်(မြို့)နှင့်အခြေခံပညာအလယ်တန်းကျောင်း (ငလပွေ့ရပ်ကွက်)များသို့သွားရောက်၍ ကျောင်း သား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်